၁။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ပို့ဆောင် ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းတို့မှ အရာထမ်း၊အမှုထမ်းများအား အောက်ပါရည်မှန်းချက် တာဝန်များကို ဦးတည်လေ့ကျင့် ပျိုးထောင်ပေးလျက် ရှိပါသည်-
| (က) |
လုပ်ငန်းလက်စွဲပါ လုပ်နည်းစနစ်များနှင့်တိုးတက်လာသောနည်းပညာများကို ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်ပေးရန်၊ |
| (ခ) |
ထိရောက်စွာစီမံခန့်ခွဲတတ်စေရန်နှင့် လက်ဝယ်ရှိစွမ်းအားစုများကို ထိရာက်စွာပေါင်းစပ်သုံးစွဲ၍ လုပ်ငန်းတာဝန်များကို ပြီးမြောက် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် လေ့ကျင့်ပေးရန်။ |
| (ဂ) |
ပြည်သူ့ဆက်ဆံရေး တိုးတက်စေရန်နှင့်အမျိုးသားနိုင်ငံရေးဖြစ်စဉ်အားသိရှိပြီးပြည်သူကောင်း ၀န်ထမ်းကောင်းဖြစ်လာစေရေး လေ့ကျင့်ပေးရန်။ |
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
သင်တန်းအမျိုးအစားများနှင့် ရည်ရွယ်ချက်များ
၁။ သင်ကြားလေ့ကျင့်ရေး (သင်တန်းစာပေ) ဌာနခွဲ
|
စဉ်
|
သင်တန်းအမည်
|
ရည်ရွယ်ချက်
|
မှတ်ချက်
|
|
(ခ)
|
အထွေထွေစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု (အရာရှိ)
စီမံကွပ်ကဲရေး (အခြားအဆင့်)
|
ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းအဖွဲ့အစည်းများမှ အရာ ထမ်းများအား စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုဘာသာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားရန်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းအဖွဲ့အစည်းများမှ စီမံ ကွပ်ကဲရေးအဆင့်ရှိ ၀န်ထမ်းများအား ကြီးကြပ်ကွပ်ကဲရေးနှင့်စီမံခန့်ခွဲမှု အတတ်ပညာ များကို စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်။
|
|
၂။ သင်ကြားလေ့ကျင့်ရေး (သင်တန်းပစ္စည်း) ဌာနခွဲ
|
စဉ်
|
သင်တန်းအမည်
|
ရည်ရွယ်ချက်
|
မှတ်ချက်
|
|
|
စတိုလုပ်ထုံး၊ လုပ်နည်းသင်တန်း
|
ပစ္စည်းများကို စာရင်းနှင့်တကွထိန်းသိမ်းတတ်ရန်၊ ပျက်စီးမှုများ မဖြစ်စေရန်၊ စနစ်တကျ ထိန်းသိမ်းတတ်စေရန်။
|
|
၃။ မော်တော်ယာဉ်သင်တန်းဌာနခွဲ
|
စဉ်
|
သင်တန်းအမည်
|
ရည်ရွယ်ချက်
|
မှတ်ချက်
|
|
(ခ)
(ဂ)
(ဃ)
|
အခြေခံယာဉ်မောင်းစက်ပြင်သင်တန်း
ယာဉ်မောင်းအဆင့် (၃) သင်တန်း
မော်တော်ယာဉ်မှူးသင်တန်း
အခြေခံယာဉ်မောင်း(ပြည်ထဲရေး)
သင်တန်း
|
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဗဟို ပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ လုပ်သားအထွေထွေနှင့် မော်တော်ယာဉ် ၀န်ထမ်း များအား ယာဉ်မောင်းနှင်နည်းနှင့် ကြံ့ခိုင်ရေးလုပ်ဆောင်နည်းတို့အား အရည်အချင်း ပြည့်စုံစွာ တတ်မြောက်အောင် သင်ကြားပေးရန်။
ယာဉ်မောင်း အဆင့်(၃)သင်တန်းအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
မိမိလက်အောက်ရှိဝန်ထမ်းများ၊ မော်တော်ယာဉ်များနှင့် စက်သုံးဆီများကို ထိရောက် စွာ စီမံအုပ်ချုပ်၍ ဌာန၏ပို့ဆောင်ရေးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင် စေရန်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ယာဉ်ထိန်းများအား ASEAN SEA Game
အမီ မော်တော်ယာဉ်ကျွမ်းကျင်နိုင်နင်းစွာ မောင်းနှင်တတ်စေရန်နှင့် မော်တော်ယာဉ်
စက်မှုဆိုင်ရာ ဘာသာရပ်များ၊ မော်တော်ယာဉ်ကြံ့ခိုင်ရေးဘာသာရပ်၊ အသေးစား
ပြုပြင်ထိန်းသိမ်းခြင်း များအား နားလည်တတ်မြောက်စေရန်
|
|
မော်တော်ယာဉ်သင်တန်းဌာနခွဲ
အထူးအခြေခံယာဉ်မောင်း(ပြည်ထဲရေး)သင်တန်း အမှတ်စဉ်(၂/၂၀၁၂)သင်တန်းဖွင့်ပွဲ
ကျောင်းအုပ်ကြီးဦးဇော်မင်းဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားနေစဉ်
မော်တော်ယာဉ်သင်တန်းဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော အထူးအခြေခံယာဉ်မောင်း(ပြည်ထဲရေး) သင်တန်း အမှတ်စဉ် (၃/၂၀၁၃) သင်တန်းဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း အောင်ဆန်း ခန်းမတွင် (၁၁-၂-၂၀၁၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသည် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၃ အရှေ့တောင်အာရှ အားကစားပွဲအတွက် ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားခြင်း ဖြစ်ပါ သည်။ အဆိုပါသင်တန်းသို့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ယာဉ်ထိန်းရဲဝန်ထမ်း စုစုပေါင်း (၄၀)ဦင်္း တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၇)ပတ်ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းတွင် ပို့ချသော ဘာသာရပ်များအဖြစ်
(၁) မော်တော်ယာဉ်စက်မှုဘာသာရပ်
(၂)မော်တော်ယာဉ်အုပ်ချုပ်မှုဘာသာရပ်
(၃) မော်တော်ယာဉ်ကြံ့ခိုင်မှုဘာသာရပ်
(၄) မော်တော်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်
(၅) မော်တော်ယာဉ်အစိပ်အပိုင်းများအသေးစားပြုပြင်ခြင်းဘာသာရပ်
(၆) မော်တော်ယာဉ်လမ်းခရီးချို့ယွင်းမှုပြုပြင်ခြင်းဘာသာရပ် တို့သင်ကြားမည်ဖြစ်ပါသည်။
၎။ စက်မှုလက်မှုသင်တန်းဌာနခွဲ
|
စဉ်
|
သင်တန်းအမည်
|
ရည်ရွယ်ချက်
|
မှတ်ချက်
|
|
|
ကွန်ပျူတာပုံဆွဲအခြေခံ
ကွန်ပျူတာ(အထူးပြု)သင်တန်း
|
ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာန၊ လုပ်ငန်းအဖွဲ့အစည်းများတွင်ရှိသော ပုံဆွဲလုပ်ငန်းများကို လက်ဖြင့်ရေးဆွဲနိုင်သည့်အပြင် Auto - CAD Softwareသုံး၍
Computer ဖြင့် ရေးဆွဲနိုင်သည့် ပုံဆွဲကျွမ်းကျင် ၀န်ထမ်းများရရှိရန် ဖြစ်ပါသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းအဖွဲ့အစည်းများမှ စာရေးဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာအခြေခံပညာရပ်များ သင်ကြားလေ့ကျင့်ပေးရန်နှင့်
e-Government အထောက်အကူပြု ကွန်ပျူတာဆိုင်ရာ ရုံးလုပ်ငန်းများအား စနစ်တကျ
ကွမ်းကျင်တတ်မြောက်စေရန်။
|
|
၅။ ရထားသင်တန်းဌာနခွဲ
|
စဉ်
|
သင်တန်းအမည်
|
ရည်ရွယ်ချက်
|
မှတ်ချက်
|
|
(ဃ)
(င)
(ဆ)
(ဇ)
(စ်)
(ည)
(ဋ)
(ဌ)
(ဍ)
(ဎ)
(ဏ)
(တ)
(ထ)
(ဒ)
(ဓ)
(န)
(ဖ)
(ဗ)
(ဘ)
(မ)
|
လ/ထအင်ဂျင်နီယာအလုပ်သင်
အငယ်တန်း အင်ဂျင်နီယာ(၃) သံလမ်း (ဥာဏ်သစ်လောင်း) သင်တန်း
အငယ်တန်း အင်ဂျင်နီယာ(၄) အလုပ်သင် (အချက်ပြ/ဆသရ)
သံလမ်း (ဥာဏ်သစ်လောင်း) လုပ်သားခေါင်း/ဇာဝီလှည့်
ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်း
ဒီဇယ်စက်ခေါင်းစက်ပြင် (မွမ်းမံ)
စက်မှုကျွမ်းကျင်(၄)တွဲစစ်-ဒု
တွဲစစ် (မွမ်းမံ) သင်တန်း
ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်
ဒု-ရုံပိုင် (အလုပ်သင်) သင်တန်း
လ/ထကြီးကြပ်ရေးမှူး (ရထားထိန်း) အခြေခံ
ဒု-လက်ထောက်ကြီးကြပ်ရေးမှူး (တွဲမှတ်)
ရုံပိုင် (ဥာဏ်သစ်လောင်း)
ရထားထိန်း (ဥာဏ်သစ်လောင်း)
ရထားထိန်း(အထူး)သင်တန်း
လမ်းခွဲကိုင် (ဥာဏ်သစ်လောင်း)
ဒု-လ/ထကြီးကြပ်ရေးမှူး (ဘတစ/ လမသ) သင်တန်း
(လက်မှတ်သိမ်း/လက်မှတ်စစ် /ဘူတာစာရေး) များ၏ (ဥာဏ်သစ်လောင်း)
စက်ခေါင်းမောင်းနှင်ခွင့်
စက်ခေါင်းမောင်း (ဥာဏ်သစ်လောင်း) သင်တန်း
စက်ခေါင်းမောင်း (ပညာသင်)
စက်ခေါင်းမောင်း (တွဲရွှေ့)
စက်ခေါင်းမောင်း (လက်ထောက် - ၁) (ဥာဏ်သစ်လောင်း) သင်တန်း
စက်ခေါင်းမောင်း (လ/ထ – ၂)
စက်ခေါင်းမောင်း (စစ်သည်) အထူး သင်တန်း
|
လ/ထအင်ဂျင်နီယာ (အလုပ်သင်) အငယ်တန်း အင်ဂျင်နီယာ(၁) (သံလမ်း/လုပ်ငန်း /တံတား/ပုံဆွဲ) သင်တန်းသားများ သတ်မှတ်ထားသည့်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် စနစ်တကျ သိရှိနား လည်လုပ်ဆောင်နိုင်စေရန်၊ လုပ်ငန်းဆိုင်ရာညွှန်ကြားချက် များ၊ နည်းစနစ်များနှင့်ပတ်သက်၍ ကျွမ်းကျင်နိုင်နင်းစွာ ရှိစေရန်။
မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာန၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်များ၊ နည်းစနစ်နှင့် ပတ်သက်၍ ကျွမ်းကျင်နိုင်နင်းမှု ရှိစေရန်။
အငယ်တန်း အင်ဂျင်နီယာ (၄) အလုပ်သင် (အချက်ပြ/ဆသရ) သင်တန်းသားများ သတ်မှတ်ထားသော ပညာများ တတ်မြောက်စေရန်။
သံလမ်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းအတွက် သတ်မှတ်ထားသော ဘာသာရပ်များ တတ်မြောက်စေရန်။
ဒီဇယ်စက်ခေါင်း စက်ပြင်များအတွက် သတ်မှတ်ထားသော အခြေခံပညာရပ်များ တတ်မြောက်စေရန်။
ဒီဇယ်စက်ခေါင်း စက်ပြင်များအတွက် ဒီဇယ်လျှပ်စစ် စက်ခေါင်းများ၊ ဒီဇယ်ဟိုက် ဒြောလစ် စက်ခေါင်းများ မွမ်းမံခြင်း၊ လမ်းခရီးချို့ယွင်းမှုပြုပြင်ခြင်း တို့ကိုသိရှိ တတ်မြောက်စေရန်။
စက်မှုကျွမ်းကျင်(၄)တွဲစစ်-ဒုများအတွက် သတ်မှတ်ထားသော အခြေခံပညာရပ်များ တတ်မြောက်စေရန်။
တွဲစစ်များအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
ဒီဇယ်စက်ခေါင်း လျှပ်စစ်ပြင်များအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
ဒု-ရုံပိုင် သင်တန်းသားများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက် စေရန်။
ရထားထိန်းများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
ဒု - လက်ထောက်ကြီးကြပ်ရေးမှူး (တွဲမှတ်) များအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
ရုံပိုင်များအတွက် သတ်မှတ်ထားသော ပညာများနှင့် ပြုပြင်ထားသော လုပ်ထုံး လုပ်နည်းများကို တတ်မြောက်စေရန်။
ရထားထိန်းများအတွက် သတ်မှတ်ထားသော ပညာရပ်များနှင့် ပြုပြင်ပြောင်းလဲ လာသော လုပ်ထုံးလုပ်နည်းများကို တတ်မြောက်စေရန်။
လ/ထကြီးကြပ်ရေးမှူး (ရထားထိန်း၊ အထူး) များအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
လမ်းခွဲကိုင်များအတွက် သတ်မှတ်ထားသော ပညာရပ်များနှင့် ပြုပြင်ပြောင်းလဲ ထားသော လုပ်ထုံး၊ လုပ်နည်းများ တတ်မြောက်စေရန်။
ဘူတာစာရေးနှင့် လက်မှတ်သိမ်း သင်တန်းသားများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
ဘူတာစာရေး၊ လက်မှတ်သိမ်း၊ လက်မှတ်စစ်များအတွက် သတ်မှတ်ထားသော ပညာရပ်များနှင့် ပြုပြင်ပြောင်းလဲထားသော နှုန်းထား၊ နည်းစနစ်များကို တတ်မြောက် စေရန်။
စက်ခေါင်းမောင်းများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
စက်ခေါင်းမောင်းများကြောင့် မတော်တဆမှု လျော့နည်းစေရေး၊ ခေတ်နှင့်အညီ ဒီဇယ်စက်ခေါင်းများအား ကျွမ်းကျင်စွာ ထိန်းသိမ်း မောင်းနှင်တတ်စေရန်။
စက်ခေါင်းမောင်းများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
တွဲရွှေ့စက်ခေါင်းများအတွက် သတ်မှတ်ထားသော ဘာသာပညာရပ်များ တတ်မြောက် စေရန်။
စက်ခေါင်းမောင်း လက်ထောက်များအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
(လ/ထ-၂) အတွက် သတ်မှတ်ထားသော ပညာရပ်များ တတ် မြောက်စေရန်။
စက်ခေါင်းမောင်းများအတွက် သတ်မှတ်ထားသော ပညာရပ်များ တတ်မြောက်စေရန်။
|
|
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများ
အလုပ်သင်စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာ(အထူး)သင်တန်း အမှတ်စဉ် (၅/၂၀၁၂)
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သော အလုပ်သင်စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာအထူးသင်တန်း အမှတ်စဉ်(၅/၂၀၁၂)အား (၁၀-၁၂-၂၀၁၂) ရက်နေ့တွင် သင်တန်းသား (၁၅)ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ်(၁၆)ပတ်ဖြင့် ဖွင့်လှစ်သင်ကြားလျက် ရှိပါသည်။ မြန်မာ့မီးရထားမှ ရွေးချယ်စေလွှတ်သောME , BE , B.TECH, AGTI, EGTI ဘွဲ့ရများအား သင်တန်းပို့ချပေးလျက်ရှိပါသည်။ သင်တန်းတွင် စာတွေ့ သင်တန်းသာမက လက်တွေ့သင်ကြားခြင်းများ။စက်ရုံကြီးများ သို့လေ့လာရေးခရီးစဉ်များ စေလွှတ်သင်ကြားပေးလျက် ရှိပါသည်။
အငယ်တန်းအင်ဂျင်နီယာ(၄)အလုပ်သင်အချက်ပြဆက်သွယ်ရေးသင်တန်း အမှတ်စဉ်(၁၆/၂၀၁၂)
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သော အငယ်တန်းအင်ဂျင်နီယာ(၄)အလုပ်သင် အချက်ပြဆက်သွယ်ရေး သင်တန်းအမှတ်စဉ် (၁၆/၂၀၁၂) အား (၆-၈-၂၀၁၂) ရက်နေ့တွင် သင်တန်းသား (၁၀)ဦး၊ သင်တန်းကာလ ရက်သတ္တပတ်(၂၃)ပတ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ (၁၀-၁-၂၀၁၃) ရက်နေ့တွင် သင်တန်းဆင်းမည်ဖြစ်ပြီး သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားခြင်းများသာမက မြန်မာ့မီးရထားဌာနရှိ အချက်ပြ ဆက်သွယ်ရေး လုပ်ငန်းများကိုပါ လုပ်ငန်းခွင်လက်တွေ့ကွင်း ဆင်း လေ့လာကြမည်ဖြစ်ပါသည်။
စက်ခေါင်းမောင်း(တွဲရွေ့)သင်တန်းအမှတ်စဉ် (၁၈/၂၀၁၂) နှင့် စက်ခေါင်းမောင်း လ/ထ-၂ သင်တန်း အမှတ်စဉ်(၁၉/၂၀၁၂) သင်တန်းဖွင့်လှစ်
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သော စက်ခေါင်းမောင်းတွဲရွေ့သင်တန်းအမှတ်စဉ် (၁၈/၂၀၁၂) သင်တန်း နှင့် စက်ခေါင်းမောင်း လက်ထောက်(၂) သင်တန်း အမှတ်စဉ် (၁၉/၂၀၁၂) သင်တန်းများ အား (၇-၁-၂၀၁၃)ရက်နေ့တွင် သင်တန်းဖွင့်လှစ် ခဲ့ပါသည်။ မြန်မာ့မီးရထားမှ ရွေးချယ်စေလွှတ်သော စက်ခေါင်း မောင်းတွဲရွေ့ သင်တန်းသား (၃၀)ဦး နှင့် စက်ခေါင်းမောင်း လက်ထောက်(၂) သင်တန်းသား (၂၅)ဦး စုစုပေါင်း (၅၅)ဦးဖြင့် သင်တန်းနှစ်ခု ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများ တက်ရောက်သင်ကြားရန် သင်တန်းကာလမှာ ရက်သတ္တပတ်(၁၂)ပတ်ကြာမြင့် မည်ဖြစ်ပါသည်။ သင်တန်းကာလအတွင်း စက်ခေါင်းမောင်း နှင်ခြင်းဆိုင်ရာ ဘာသာရပ်များအား စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိပြီး လုပ်ငန်းခွင်လက်တွေ့ အဖြစ်မြန်မာ့မီးရထားတွဲရွေ့လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသော မန္တလေး၊ ရန်ကုန်၊မြို့ဟောင်း၊မလွှကုန်း ယာဒ်ဝင်းများသို့လည်း သွားရောက်လေ့ကျင့် သင်ကြားကြမည်ဖြစ်သည်။အဆိုပါ စက်ခေါင်းမောင်း (တွဲရွေ့) သင်တန်း နှင့် စက်ခေါင်းမောင်း လက်ထောက်(၂) သင်တန်းတို့မှာ အနေဖြင့် (၂၉-၃-၂၀၁၃) ရက်နေ့တွင်သင်တန်းဆင်းကြ မည်ဖြစ်ပါသည်။
စက်ခေါင်းမောင်းနှင်ခွင့်သင်တန်း အမှတ်စဉ်(၃၀/၂၀၁၂)သင်တန်းဆင်းပွဲအခမ်းအနား
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သော စက်ခေါင်းမောင်းနှင်ခွင့်သင်တန်း အမှတ်စဉ်(၃၀/၂၀၁၂) သင်တန်းအား (၂၇-၉-၂၀၁၂) ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ မြန်မာ့မီးရထားမှ ရွေးချယ်စေလွှတ်သော သင်တန်းသား (၂၄)ဦးဖြင့် ရက်သတ္တပတ်(၂၀)ကြာဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသည်။ သင်တန်း ဆင်းပွဲအား (၁၁-၁-၂၀၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သာမန်အထက်(၁၁)ဦး ၊သာမန်အမြင့်(၁၃) ရရှိပြီး သင်တန်း တစ်ခုလုံး အနေဖြင့် သာမန် အမြင့် ဖြင့် သင်တန်းဆင်းသွားကြပါသည်။ သင်တန်းဆင်းပွဲတွင် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်း အမှာစကား ပြောကြားခြင်း၊ သင်တန်းဆင်း အောင်လက်မှတ် များအား ဌာနမှူးမှ ပေးအပ်ခြင်း၊ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဒုတိယကျောင်းအုပ်ကြီးမှ ဆုပေးအပ်ခြင်း အခမ်းအနားပြီးဆုံးခြင်းစသော အစီအစဉ် (၄)ရပ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပြီး နံနက် (၉း၃၀) မိနစ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း အမှတ်စဉ်(၃၁/၂၀၁၂)သင်တန်းဆင်းပွဲ
ကျောင်းအုပ်ကြီးဦးဇော်မင်းဦးမှ သင်တန်းဆင်းအမှာစကားပြောကြားနေစဉ်
ထို့နောက် သင်တန်းသားများအား ဒုတိယကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်မြှင့်ပါခဲ့ပါသည်။ ထို့နောက်သင်တန်းတွင် ထူး ချွန်စွာ အောင်မြင်ခဲ့ကြသော ပထမ ၊ဒုတိယ၊ တတိယရရှိသည့် သင်တန်းသားများအား ဆုတံဆိပ်များကို ဒုတိယကျောင်းအုပ်ကြီးမှ ပေးအပ်ချီးမြှင့်ရာ ပထမဆုအား ကသ-၈ ဦးနိုင်နိုင်ထွန်း (တိုင်း-၂၊ရွာထောင်)မှလည်းကောင်း၊ ဒုတိယဆုအား ကသ-၁ ဦးကျော်ကျော်မိုး (တိုင်း၎၊သာစည်)မှလည်းကောင်း ၊တတိယဆုအား ကသ-၉ ဦးလှမျိုးအောင် (တိုင်း-၇၊အင်းစိန်)မှလည်းကောင်း အသီးသီးရရှိကြပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားအား နံနက်(၉)နာရီ (၃၀)မိနစ် တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ရထားသင်တန်းဌာနခွဲမှ ဖွင့်လှစ်သင်ကြားပြီးသော သင်တန်းများ
| စဉ် |
သင်တန်းအမျိုးအမည် |
သင်တန်းအမှတ်စဉ် |
သင်တန်းသားဦးရေ |
သင်တန်းကာလ |
|
၁
၂
၃
၎
၅
၆
၇
၈
၉
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
|
သံလမ်းဥာဏ်(လုပ်သားခေါင်းဇာဝီလှည့်)
အငယ်တန်းအင်ဂျင်နီယာ(၃)သံလမ်းဥာဏ်
ဒီဇယ်စက်ခေါင်းစက်ပြင်
စက်မှုကျွမ်းကျင်(၄) တွဲစစ်-ဒု
လ/ထကြီးကြပ်ရေးမှူး (ရထားထိန်းအခြေခံ)
ရထားထိန်း(အထူး)
ဒု-လ/ထကြီးကြပ်ရေးမှူး(တွဲမှတ်)
လ/ထကြီးကြပ်ရေးမှူး (ရထားထိန်းဥာဏ်)
လက်မှတ်သိမ်း၊လက်မှတ်စစ်၊ဘူတာစာရေး (ဥာဏ်)
စက်ခေါင်းမောင်း(တွဲရွေ့)
စက်ခေါင်းလိုက်(ပညာသင်)
စက်ခေါင်းမောင်းလ/ထ-၂
အလုပ်သင်စက်မှုလျှပ်စစ်အင်ဂျင်နီယာ(အထူး)
အလုပ်သင်စက်မှုလျှပ်စစ်အင်ဂျင်နီယာ(အထူး)
Auto Coupler Maintenance
Traction Motor Maintenance
Air Con: Maintenance
|
၄၃/၂၀၁၂
၁၂/၂၀၁၂
၂၉/၂၀၁၂
၁၉/၂၀၁၂
၄၀/၂၀၁၂
၈/၂၀၁၂
၃၅/၂၀၁၂
၂၄/၂၀၁၂
၁၃/၂၀၁၂
၁၆/၂၀၁၂
၎/၂၀၁၂
၁၈/၂၀၁၂
၃/၂၀၁၂
၎/၂၀၁၂
၇/၂၀၁၂
၇/၂၀၁၂
၇/၂၀၁၂
|
၁၄
၁၀
၁၀
၁၀
၄၂
၁၅
၃၀
၁၅
၆၀
၂၅
၂၅
၂၆
၁၅
၁၅
၁၅
၇
၇
|
၅ ပတ်
၁၂ ပတ်
၁၀ ပတ်
၁၆ ပတ်
၈ ပတ်
၅ ပတ်
၆ ပတ်
၅ ပတ်
၅ ပတ်
၁၂ ပတ်
၂၀ ပတ်
၁၂ ပတ်
၁၆ ပတ်
၁၆ ပတ်
၁ ပတ်
၁ ပတ်
၁ ပတ်
|
ရထားသင်တန်းဌာနခွဲမှဆက်လက်ဖွင့်လှစ်မည့်သင်တန်းများ
| စဉ် |
သင်တန်းအမျိုးအမည် |
သင်တန်းအမှတ်စဉ် |
သင်တန်းသားဦးရေ |
သင်တန်းကာလ |
သင်တန်းဖွင့်မည့်ရက် |
|
၁
၂
၃
|
ရုံပိုင်(ဥာဏ်သစ်လောင်း)
လက်မှတ်သိမ်း၊လက်မှတ်စစ်၊ဘူတာစာရေး(ဥာဏ်)
တွဲစစ်(မွမ်းမံ)
|
၃၃/၂၀၁၂
၁၄/၂၀၁၂
၈/၂၀၁၂
|
၂၂
၆၀
၁၀
|
၆ ပတ်
၅ ပတ်
၆ ပတ်
|
၁၈-၂-၂၀၁၃
၂၅-၂-၂၀၁၃
၁၄-၁-၂၀၁၃
|
မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲနှင့်လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြ
မိတ္ထီလာ၊ ဇန်န၀ါရီလ (၂၈)ရက်
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း(မိတ္ထီလာ) တွင် ၀န်ထမ်း/မိသားစုများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းတို့ကို ဇန်န၀ါရီလ (၂၅) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပြပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခဲ့သည့်အပြင် မီးသတ်ဆေးဗူးများဖြင့် လက်တွေ့ မီးငြိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ပြသခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်း/မိသားစု (၁၅၅) ဦးတက်ရောက်ခဲ့ကြပါသည်။ |