|
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ကုန်စည်ပို့ဆောင်ရေးဌာန
ကုန်စည်ပို့ဆောင်ခနှုန်းထားများ
၁။ မြေပြန့်ဒေသ လမ်းခရီးအလိုက် သာမန်ကုန်ပစ္စည်းပို့ဆောင်ခနှုန်းထားများ (အစိုးရ)
|
(က)
|
တန်မိုင်နှုန်း (တစ်တန် x တစ်မိုင်)
|
နှုန်းထား
|
|
(၁)
|
ကတ္တရာလမ်း
|
၅၅ ကျပ်
|
|
(၂)
|
ကျောက်ကြမ်းလမ်း
|
၁၁၀ ကျပ်
|
|
(၃)
|
မြေသားလမ်း
|
၂၂၀ ကျပ်
|
၂။ တောင်ပေါ်ဒေသ သာမန်ကုန်ပစ္စည်း ပို့ဆောင်ခနှုန်းထားများ (အစိုးရ)
|
(က)
|
တန်မိုင်နှုန်း (တစ်တန် x တစ်မိုင်)
|
နှုန်းထား
|
|
(၁)
|
ကတ္တရာလမ်း
|
၁၁၀ ကျပ်
|
|
(၂)
|
ကျောက်ကြမ်းလမ်း
|
၂၂၀ ကျပ်
|
|
(၃)
|
မြေသားလမ်း
|
၃၃၀ ကျပ်
|
၃။ အထူးကုန်ပစ္စည်း ပို့ဆောင်ခနှုန်းထားများ (အစိုးရ/သမ)
|
(က)
|
ပေါက်ကွဲညစ်ညမ်းကုန်ပစ္စည်း (ငရဲမီး၊ လောင်စာဆီအမျိုးမျိုး)
|
-
|
အခြေခံနှုန်းထားအပေါ် ၁၅၀ % ထပ်ဆောင်းတောင်းခံရန်
|
|
(ခ)
|
ညစ်ညမ်းပွမ်းပဲ့ကုန်ပစ္စည်း (ဓါတ်မြေသြဇာ၊ ဘိလပ်မြေ၊ ကျောက်၊ တိရိစ္ဆာန်၊ ငံပြာရည်၊ ဆား၊ ငပိ)
|
-
|
အခြေခံနှုန်းထားအပေါ် ၅၀ % ထပ်ဆောင်းတောင်းခံရန်
|
|
(ဂ)
|
သစ်သား(ပေရှည်) (နောက်ပိတ်တံခါးဖွင့်တင်ရလျှင်)
|
-
|
အခြေခံနှုန်းထားအပေါ် ၅၀ % ထပ်ဆောင်းတောင်းခံရန်
|
|
(ဃ)
|
သံကွင်း၊ သံပိုင်း၊ တံတားပေါင်များ (ပေရှည်) (တံခါးနောက်ပိတ်ဖွင့်တင်ရလျှင်)
|
-
|
အခြေခံနှုန်းထားအပေါ် ၁၀၀ % ထပ်ဆောင်းတောင်းခံရန်
|
 
၎။ ပုဂ္ဂလိက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခနှုန်းထားများ
(က)
တောင်ပေါ်မြေပြန့်ငှားရမ်းရာတွင် ဌာနခွဲ၏ လစဉ်အခြေခံစံနှုန်းအပေါ်မူတည်၍ ခရီးစဉ် အလိုက် တွက်ချက်၍ရသော ယာဉ်ငှားရမ်းခနှင့် တန်မိုင်နှုန်းဖြင့် တွက်ချက်၍ရသော သင့်ငွေ (၂)ရပ်အနက် များရာနှုန်းထားဖြင့် တွက်ချက်တောင်းခံမည်ဖြစ်ပါသည်။
(ခ)
အထူးကုန်ပစ္စည်းများ ပို့ဆောင်ရပါက တန်မိုင်နှုန်းထားများဖြင့် အခြေခံတွက်ချက်ထားသော အထူးကုန်ပစ္စည်းပို့ဆောင်ခနှုန်းထားနှင့် ဌာနခွဲ၏ အခြေခံစံနှုန်းအပေါ်မူတည်၍ တွက်ချက်ထားသော ကျသင့်ငွေ (၂)ရပ်အနက် များရာနှုန်းထားဖြင့် တောင်းခံပါမည်။
၅။ ကုန်တင်ယာဉ် (ထရက်တာ၊ ထရေလာ) ငှားရမ်းခနှုန်းထား (အစိုးရ/သမ/ပုဂ္ဂလိက)
ကုန်တင်ယာဉ် ငှားရမ်းခနှုန်းထားမှာ အပိုဒ် (၁)(၂)(၃)ပါ တီအီးယာဉ်(၁)စီး ငှားရမ်းခ နှုန်းထား၏ (၂)ဆဖြစ်သည်။
၆။ ဆီသယ်ယာဉ် ငှားရမ်းခနှုန်းထား(အစိုးရ/သမ/ပုဂ္ဂလိက)
ဆီသယ်ယာဉ်ငှားရမ်းခနှုန်းထားမှာ အပိုဒ် (၁)(၂)ပါ တီအီးယာဉ်(၁)စီး ငှားရမ်းခနှုန်းထား၏ (၂)ဆ ဖြစ်သည်၊ အပိုဒ်(၄)(က)ပါ အခြေခံ နှုန်းထားအပေါ် ၁၅၀ % ထပ်ဆောင်းတောင်းခံခြင်းမပြုပါ။
၇။ ဆယ်တင်ယာဉ် ငှားရမ်းခနှုန်းထား (အစိုးရ/သမ/ပုဂ္ဂလိက)
| (က) |
တစ်ရက်နှုန်း (ငှားရမ်းသူဆီဖြင့်) |
- ၄၀၀၀၀ ကျပ် |
| (ခ) |
အလုပ်ချိန် (၄) နာရီထက်မပိုသော (၁)ရက်နှုန်း (ငှားရမ်းသူဆီဖြင့်) |
- ၂၀၀၀၀ ကျပ် |
၈။ မြေပြန့်နှင့်တောင်ပေါ်ဒေသနှုန်းထားများ (အစိုးရ/သမ/ပုဂ္ဂလိက)
| (က) |
တန်မိုင်နှုန်းဖြင့် ငှားရမ်းရာတွင် ကုန်ပါခရီးစဉ်အတွက်သာ ပို့ဆောင်ခကို တောင်းခံမည် ဖြစ်ပါသည်၊ သို့ရာတွင် အသွားခရီးစဉ် (သို့မဟုတ်) အပြန်ခရီး ကုန်လွတ်ဖြစ်လျှင် ကုန်လွတ်ခအဖြစ် ကုန်ပါ ခရီးစဉ်ပို့ဆောင်ခ၏ ၅၀% ထပ်ဆောင်း တောင်းခံမည် ဖြစ်ပါသည်။ |
| (ခ) |
တင်တောင်သည့် ကုန်ပစ္စည်းကို ကုန်ပွ၊ ကုန်ကျစ်မခွဲခြားဘဲ တစ်ပြေးညီ ယာဉ်ဝန်ချိန်ပြည့် (၇)တန်နှုန်းဖြင့် တောင်းခံပါမည်၊ အကယ်၍ ယာဉ် ၀န်ချိန်ပြည့်ထက် ပိုမိုတင်ဆောင်ရလျှင် အမှန်တင်ဆောင်သည့် ကုန်အလေးချိန်အတွက် တောင်းခံပါမည်၊ တောင်ပေါ်ဒေသ၌ အခြေအနေအရ ယာဉ်ဝန်ချိန်ပြည့်ထက် ကုန်ကို လျော့ပေါ့ တင်ဆောင်ရသော်လည်း ပို့ဆောင်ခကို ယာဉ်ဝန်ချိန်ပြည့်ဖြင့် တောင်းခံပါမည်။ |
| (ဂ) |
ညအိပ်စောင့်ဆိုင်းရသည့်အခါ တစ်ညအိပ်စောင့်ဆိုင်းရတိုင်း တစ်ရက်အတွင်း ဆီမပေး ၅၀၀၀ ကျပ်နှုန်းဖြင့် ညအိပ်စောင့်ဆိုင်းခ တောင်းခံပါမည်။ |
| (ဃ) |
လမ်းဖြတ်သန်းခ၊ တံတားနှင့်ဇက်ကူးခ၊ ယာဉ်ရပ်နားခများကို ယာဉ်ငှားရမ်းသူမှ ကျခံရန် ဖြစ်သည်၊ ကုန်းလမ်းပို့ဆောင်ရေးမှ လုပ်ငန်းလိုအပ်ချက်အရ ကျခံပေးခဲ့ရလျှင် ပို့ဆောင်ခ တောင်းသည့်အခါ ထည့်သွင်း တောင်းခံမည်ဖြစ်ပါသည်။ |
| (င) |
ကုန်းလမ်းပို့ဆောင်ရေးက သတ်မှတ်ထားသော မြေပြန့်နှင့်တောင်ပေါ်ဒေသ ပို့ဆောင်ခ နှုန်းထားများနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်က သတ်မှတ်သော ပို့ဆောင်ခနှုန်းထား(၂)ရပ်အနက် များရာကို သတ်မှတ်တောင်းခံမည် ဖြစ်ပါသည်။ |
| (စ) |
အထက်ပါ ပို့ဆောင်ခနှုန်းထားများသည် အခြေခံနှုန်းထားများဖြစ်ပါသည်၊ အထက်ပါ ပြည်နယ်နှင့်တိုင်းများရှိ ဌာနခွဲတစ်ခုခုမှ မိမိပို့ဆောင်ရေး လုပ်ငန်းနှင့် နယ်မြေဒေသ သဘာဝပေါ်မူတည်၍ စီးပွားရေးအရ တွက်ခြေကိုက်စေရန်အတွက် ပို့ဆောင်ခ နှုန်းထားများကို ပြုပြင်သတ်မှတ်ကောက်ခံခွင့်ပြုရန် ကုန်းလမ်းပို့ဆောင်ရေး(ရုံးချုပ်)သို့ အခါ အားလျော်စွာ တင်ပြချက်ရှိလျှင်သော်လည်းကောင်း၊ ဌာနခွဲတစ်ခုမှ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ပြုပြင်သတ်မှတ်ကောက်ခံ လိုသော ပို့ဆောင်ခနှုန်းထားများကို အတည်ပြုပေးရန် ကုန်းလမ်းပို့ဆောင်ရေး(ရုံးချုပ်)သို့ တင်ပြချက်ရှိလျှင်သော်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး(ရုံးချုပ်)က ကောက်ခံရန် အတည်ပြုပါက တရားဝင်ပို့ဆောင်ခ နှုန်းထားများအဖြစ် သတ်မှတ်ကောက်ခံပါမည်။ |
|
|
ကုန်းလမ်းပို့ဆောင်ရေး ကုန်စည်ပို့ဆောင်ရေးဌာန
|
|