|
မြန်မာ့မီးရထား
|
|

ရထားလမ်းဖောက်လုပ်ရန် စေ့ဆော်ပေးသည့် အခြေအနေများ
၁။
၁၈၅၂ ခုနှစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အကျိုးအမြတ် ရရှိနိုင်ရန် ဆန်စပါး၊ ကျွန်းသစ်၊ ရာဘာနှင့် သယံဇာတ သတ္တုပစ္စည်းများကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ သွင်းကုန်များကို တင်သွင်း၍ ရောင်းချခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄.၂ သိန်းထိ တင်ပို့ခဲ့ရာတွင် အရပ်ရပ်မှ ဆန်စပါးများ စုစည်းရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားနေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် စဉ်းစားခဲ့ပါသည်။ တောင်ငူ၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၃၅)ကျပ် ဈေးသာ ရှိနေချိန်တွင် ရန်ကုန်၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၉၅)ကျပ်ရှိနေခဲ့ရာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ စေရေးအတွက် လမ်းများကိုစတင်ဖောက်လုပ်ခဲ့ပါသည်။ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မြေလမ်း (၈၁၅)မိုင် ကို ဖောက်လုပ်ခဲ့ပြီး ယင်းအနက် ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်း (၂၉၂)မိုင် ပါဝင်ကြောင်း သိရသည်။ အကယ်၍ မီးရထားလမ်းဖောက်လုပ် သယ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပြီး၊ သင်္ဘောတင်ရန် လုံလောက်သည့် ဆန်များကိုလည်း အချိန်တိုအတွင်း စုစည်းနိုင်မည်ဖြစ်ရာ ရထား လမ်းဖောက်လုပ်ရန် စဉ်းစားလာတော့သည်။
၂။
အခြားရှုထောင့်များ။
စီးပွားရေးရှုထောင့်အမြင်သာမက ရထားလမ်း ဖောက်လုပ်ပြေးဆွဲခြင်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားများ အထင်ကြီး အားကျလာစေရေး၊ သူ့ကျွန်မခံလိုသော တော်လှန်ရေး အင်အားစုများကို ပြည်သူတို့ထောက်ခံမှု ကျဆင်းစေရေး စသည့် နိုင်ငံရေးအမြင်ရှုထောင့်နှင့် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်နိုင်ပါက ပြည်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်ရာ ယင်းတို့သော အခြေအနေကြုံတွေ့ရပါက ဗြိတိသျှတပ်များနှင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းများကို ဖြည့်တင်းနိုင်ရေး ဟူသော စစ်ရေးအမြင် ရှိသည့်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် စဉ်းစားတော့သည်။ ရထားလမ်း ဖောက်လုပ်ရန်အတွက် ၁၈၆၈ ခုနှစ်တွင် လမ်းအူကြောင်း ပုံစံနှင့်တကွ ကုန်ကျစရိတ်များကိုပါ တွက်ချက်၍ အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး
Sir Ashley Eden
က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့ရာ ၁၈၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရမှ လက်ခံသဖြင့် အထူးလုပ်ငန်းတစ်ရပ်အဖြစ် ချက်ချင်း စတင်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကိုလည်း အထူးရန်ပုံငွေမှ ကျခံသုံးစွဲရန် ခွင့်ပြုခဲ့ပါသည်။
ရထားလမ်းစတင်ဖောက်လုပ်ခြင်း
၃။
ရန်ကုန်-ပြည် ရထားလမ်း စတင်ဖောက်လုပ်ရာတွင် မီတာဂေ့ခ်ျ (သံလမ်းနှစ်ခုကြား တစ်မီတာအကျယ်ရှိ) ရထားလမ်းကို ဖောက်လုပ်ခဲ့ပါသည်။ ရထားလမ်း ဖောက်လုပ်ရာတွင် အခကြေးငွေပေါပေါနှင့် လုပ်ကိုင်နိုင်ကြသော ကုလားလူမျိုးလုပ်သား အများအပြား အသုံးပြုခဲ့ပြီး သုံးနှစ်ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ၁၈၇၇ ခုနှစ်တွင် ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်း
(The Rangoon and Irrawaddy Valley State Railway)
က ပိုင်ဆိုင်ပြေးဆွဲခဲ့ပါသည်။ ကမ္ဘာ့ပထမဆုံး မီးရထားလမ်းဖြစ်သည့် ဗြိတိန်ရှိ ဒါလင်တန်
(Darlington)
နှင့် စတော့တန်
(Stockton)
ရထားလမ်း ဖွင့်လှစ်ပြီးနောက် (၅၂)နှစ် အကြာတွင် လည်းကောင်း အိန္ဒိယနိုင်ငံတွင် ရထား စတင်ပြေးဆွဲပြီးနောက် (၂၄)နှစ် အကြာတွင် လည်းကောင်း မြန်မာနိုင်ငံ၌ ရထားကို စတင်ပြေးဆွဲနိုင်ခြင်း ဖြစ်ပါသည်။
၎။
ရထားလုပ်ငန်းမှ အမြတ်ကောင်းစွာ ရရှိနိုင်သည်ကို တွေ့မြင်ပြီးနောက် ရန်ကုန်မှ တောင်ငူသို့ ရထားလမ်းဖောက်လုပ်ရန် ၁၈၈၁ ခုနှစ်တွင် ဆုံးဖြတ်ပြီး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဗြိတိသျှတို့ ဒုတိယ ဆက်လက် ဖောက်လုပ်ခဲ့သော လမ်းမကြီးမှာ ရန်ကုန်မှ တောင်ငူသို့ဖြစ်ပြီး၊ ရထားလမ်း အရှည်မှာ ၁၆၆ မိုင်ဖြစ်ပါသည်။ (၉၃)မိုင်အရှည်ရှိ ရန်ကုန် - ညောင်လေးပင်လမ်းပိုင်းကို ၁၈၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊ (၇၃)မိုင်အရှည်ရှိ ညောင်လေးပင် - တောင်ငူလမ်းပိုင်းကို ၁၈၈၅ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။
ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း
၅။
ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရထားလမ်းများ ဆက်လက် ဖောက်လုပ်ခဲ့ရာ (၅၉)မိုင် အရှည်ရှိ တောင်ငူ - ပျဉ်းမနားလမ်း ပိုင်းကို ၁၈၈၈ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် လည်းကောင်း၊ (၄၉.၅၁) မိုင်အရှည်ရှိ ပျဉ်းမနား - ရမည်းသင်းလမ်းပိုင်းကို ၁၈၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင်လည်းကောင်း၊ (၁၁၁)မိုင် အရှည်ရှိ ရမည်းသင်း - မန္တလေးလမ်းပိုင်းကို ၁၈၈၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပါသည်။ ရထားလမ်းများ ဆက်လက်ဖောက်လုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံမှ ဗြိတိသျှတို့ မဆုတ်ခွာမီ ၁၉၄၀-၄၁ ခုနှစ်အထိ ရထားလမ်း သံလမ်းမိုင် (၂၈၅၂)မိုင် ဖောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။
ဗြိတိသျှခေတ် အုပ်ချုပ်ရေးအဖွဲ့များ
၆။
စစ်ကြီးမဖြစ်ပွားမီ နောက်ဆုံးအချိန် ၁၉၄၀-၄၁ ခုနှစ်၌ ရထားဝန်ထမ်း စုစုပေါင်း (၂၁၉၀၁) ယောက် ရှိသည့် အနက် ၀န်ထမ်းခန့်ထားမှုကိုကြည့်လျှင် အရာထမ်း ရာထူးများတွင် (၆၂) ရာခိုင်နှုန်းမှာ ဥရောပတိုက်သား၊ (၁၅) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြား၊ (၁၆) ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများနှင့် ကျန် (၇)ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများ ဖြစ်ကြကြောင်း၊ အမှုထမ်း ရာထူးများတွင် (၀.၁)ရာခိုင်နှုန်းမှာ ဥရောပတိုက်သားများ၊ (၂.၆) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများ၊ (၂၁.၁)ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများ၊ (၇၄.၈) ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများနှင့် (၁.၄)ရာခိုင်နှုန်းမှာ အခြားလူမျိုးများ ဖြစ်ကြကြောင်း သိရပါသည်။
စစ်အတွင်း မီးရထား
၇။
၁၉၄၂ ခုနှစ်၊ ဗြိတိသျှတို့ ဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်များ ၀င်ရောက် လာသည့်အချိန်မှစ၍ မီးရထားဌာနကို ဂျပန်တို့က ဦးစီးအုပ်ချုပ်ခဲ့ပါသည်။ စစ်ဖြစ်နေသည့်အလျောက် စနစ်တကျ မလုပ်နိုင်ဘဲ ရထားများ ပြေးဆွဲနိုင်ရုံသာ အဓိကထား၍ လုပ်ဆောင်ခဲ့ကြပါသည်။ ဥရောပ တိုက်သားများနှင့် အင်္ဂလိပ်-မြန်မာ ကပြားဝန်ထမ်း ရာခိုင်နှုန်း တော်တော်များများသည် အင်္ဂလိပ်တို့နှင့်အတူ အိန္ဒိယသို့ ထွက်ခွာသွားကြသဖြင့် ၎င်းတို့နေရာများတွင် ဂျပန်နှင့်မြန်မာလူမျိုးများက ၀င်ရောက် တာဝန်ယူ လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် ရုံပိုင်၊ ဂါတ်ဗိုလ်၊ စက်ခေါင်းမောင်း စသည့် အရာထမ်းမဟုတ်သည့် ရာထူးများတွင်မူ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများက ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။
၈။
စစ်အတွင်းတွင်မူ မီးရထားဌာန၏ အလုပ်ရုံများ၊ စက်ခေါင်းရုံများ၊ တံတားများ၊ ယာဒ်ဝင်းများ၊ ဘူတာရုံများ နှင့် နေအိမ်များ၊ အချက်ပြအမှတ်အသားများ၊ စက်ခေါင်းများ၊ လူစီးတွဲများနှင့် ကုန်တွဲများမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ကြသည်။ ဖျက်ဆီးခြင်းခံရသည့် တံတားကြီးများတွင် အင်းဝတံတား၊ ဂုတ်ထိပ် တံတား၊ စစ်တောင်းတံတား၊ င၀န်တံတား၊ မြစ်ငယ်တံတား၊ သင်္ဃန်းကျွန်းတံတားတို့ ပါဝင်ကြပြီး၊ စက်ခေါင်း ပေါင်း (၃၆၂)လုံး အနက် အလုံး (၃၀၀)၊ လူစီးတွဲပေါင်း (၁၅၃၆)တွဲအနက် (၉၅၇)တွဲ၊ ကုန်တွဲပေါင်း (၉၀၂၁)တွဲ အနက် (၇၁၉၇)တွဲမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။
မြန်မာ-ယိုးဒယား မီးရထားလမ်း
၉။
ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ဂျပန်တို့သည် မြန်မာနိုင်ငံ၊ သံဖြူဇရပ်မှ ယိုးဒယားနယ်စပ်ရှိ ဘုရားသုံးဆူ တောင်ကြားလမ်းကိုဖြတ်၍ ယိုးဒယားနိုင်ငံ၊ ဘန်ပေါင်း
(Ban Pong)
ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်းသို့ ဆက်သွယ်နိုင်မည့် မီးရထားလမ်း တစ်လမ်းကို ဖောက်လုပ်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မော်လမြိုင်မြို့မှ ယိုးဒယားကိုဖြတ်၍ တောင်ပိုင်း အင်ဒိုချိုင်းနားသို့ ရထားများ ခုတ်မောင်းရန်နှင့် ယိုးဒယားနှင့် မလေးရှားမှ ပစ္စည်းများကို မြန်မာနိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံမှ ပစ္စည်းများကို ထိုတိုင်းပြည်များသို့ လည်းကောင်း ရထားဖြင့် တွင်ကျယ်စွာ သယ်ယူ ပို့ဆောင်ပေးနိုင်ရေးပင်ဖြစ်ပါသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း(၂၈၅၂)မိုင်ရှိသည့်အနက် ဂျပန်တို့က သံလမ်းမိုင်(၃၀၀)ခန့်ကိုဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်းမိုင် (၁၅၀)မိုင်ခန့်ကို ရန်ကုန်နှင့် တောင်ငူအကြား ဒွေးလမ်းမှလည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး-မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်းပိုင်းများမှလည်းကောင်း ဖြုတ်ယူအသုံးပြုခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ မီးရထားသမိုင်းတွင် ချွေးတပ်သား အများဆုံးသုံးခဲ့ပြီး၊ လူ့အသက်ပေါင်းများစွာကို စတေး၍ ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သဖြင့် သေမင်းတမန် ရထားလမ်းမကြီးဟု အမည်တွင်ခဲ့ပါသည်။
စစ်ပြီးခေတ် မြန်မာ့မီးရထား
၁၀။
ဂျပန်များကို မြန်မာနိုင်ငံအတွင်းမှ မတိုက်ထုတ်နိုင်မီကာလကပင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ချိန်တွင် ရထားပြေးဆွဲရေးဆောင်ရွက်နိုင်မည့် (၅)နှစ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ပါသည်။ စစ်ပြီးလျင်ပြီးချင်း ၁၉၄၅ ခုနှစ်တွင် မပျက်မစီးကျန်ရှိခဲ့သော သံလမ်း (၆၇၄)မိုင်နှင့် ဗြိတိသျှအမှတ်(၁၂) တပ်မတော်မှ ပြန်လည်ပြုပြင် ခင်းကျင်းခဲ့သော ခရီးမိုင် (၂၇)မိုင် စုစုပေါင်း (၇၀၁)မိုင်တွင် ရထားများ စတင် ပြေးဆွဲခဲ့ပါသည်။
လွတ်လပ်ရေးရပြီးခေတ်
၁၁။
စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နေစဉ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပါသည်။ လွတ်လပ်ရေးရရှိချိန်တွင် ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီက ရှိသည့် သံလမ်းမိုင်အားလုံးနီးပါးမှာ ပြန်လည်ပြင်ဆင်မွမ်းမံ၍ တံတားကြီးပေါင်း (၄၀)ကိုလည်း အခိုင်အခန့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးဖြစ်ပါသည်။ ဘူတာရုံအများအပြားကိုလည်း ပြန်လည် တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့တွင် စက်ခေါင်း (၈၄)ခေါင်းသာ ကျန်ရှိရာမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန် ၁၉၄၈ ခုနှစ်ဦးတွင် စက်ခေါင်း (၂၅၅)ခေါင်းအထိ တိုးတက်လာခဲ့ပါသည်။ လူစီးတွဲ၊ ကုန်တွဲများ ပြန်လည်ပြုပြင်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ဘူတာရုံ၊ ဆက်သွယ်ရေး အချက်ပြ စနစ်များလည်း စစ်ကြို ခေတ်အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။
သောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်း
၁၂။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး များမကြာမီအချိန်တွင် ပြည်တွင်းဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ပါသည်။ သောင်းကျန်းသူတို့၏ အဓိကလုပ်ငန်းမှာ အဖျက်လုပ်ငန်းဖြစ်ရာ လမ်းပမ်း ဆက်သွယ်ရေးလုပ်ငန်းတွင် အဓိကတာဝန်ယူ လုပ်ဆောင်ပေးနေရသော မီးရထားလုပ်ငန်းမှာ သောင်းကျန်းသူတို့၏ အဓိကပစ်မှတ်ကြီး ဖြစ်ခဲ့ရပါသည်။ တံတားများ၊ ရထားများကို မိုင်းဗုံးထောင်ခြင်း၊ သံလမ်းများကို ဖျက်ဆီးဖြုတ်ပစ်ခြင်း၊ ဘူတာရုံများကို ဖျက်ဆီးမီးရှို့ခြင်း၊ ၀င်ရောက်လုယက်ခြင်း၊ အချက်ပြနှင့် ကြေးနန်းလုပ်ငန်းများကို ဖျက်ဆီးပစ်ခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လုပ်သားများကို သတ်ပစ်ခြင်း စသော အဖျက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ရာ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်လျက်ရှိသော မီးရထားလုပ်ငန်းကြီးအတွက် များစွာ ထိခိုက်နစ်နာခဲ့ရပါသည်။ ပြည်တွင်းဆူပူ သောင်းကျန်းမှုများကြောင့် ၁၉၄၈ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် ရထားများ ပြေးဆွဲမှုကို ရပ်နားထားခဲ့ရပါသည်။ ထိုအချိန်က သောင်းကျန်းသူများ အင်အားနည်းပါးသည့် ရန်ကုန်နှင့် ၀ါးနက်ချောင်းကြား၊ ပဲခူးနှင့် ဒိုက်ဦးကြား၊ သာစည်နှင့် မိတ္ထီလာကြား၊ သာစည်နှင့် ရမည်းသင်းကြား၊ မန္တလေးနှင့် ကျောက်ဆည်ကြား၊ မန္တလေးနှင့် အမရပူရ ဆိပ်ကမ်းကြား၊ မန္တလေးနှင့် နောင်ချိုကြား၊ သထုံနှင့် မုတ္တမကြား၊ မြစ်ကြီးနားနှင့် ကောလင်းကြား၊ နဘားနှင့် ကသာကြား၊ ရွှေဘိုနှင့် မဒေါင်းလှကြားတို့တွင်သာလျှင် အပိုင်းလိုက် ခရီးတိုရထားများ ပြေးဆွဲပေးနိုင်ခဲ့ပါသည်။ သောင်းကျန်းမှု အရှိန်အဟုန်မြင့်မားပြီး၊ ရန်ကုန်အစိုးရဟု ခေါ်တွင်နေချိန်တွင်မူ ရန်ကုန်-ကြည့်မြင်တိုင်နှင့် ရန်ကုန်-ဒါးပိန်ကြားတွင်သာ ရထားများ ပြေးဆွဲပေးနိုင်ခဲ့ပါသည်။
၁၃။
နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ သောင်းကျန်းသူများကို တစ်စတစ်စ ဖြိုခွင်း တိုက်ခိုက်နိုင်ခဲ့သည်နှင့်အမျှ ရထားများ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ပါသည်။ ၁၉၅၂-၅၃ ခုနှစ်ကုန်တွင် အလုံလမ်းခွဲနှင့် တောင်တွင်းကြီး လမ်းခွဲမှအပ အခြားလမ်းများတွင် ရထားများကို မူလ အခြေအနေအတိုင်း ပြန်လည် ပြေးဆွဲပေးနိုင်ခဲ့ပါသည်။ သို့သော် ပြေးဆွဲပေးသော ရထားများတွင် သံချပ်ကာတွဲများဖြင့် အစောင့်များ ထည့်ပေးရခြင်း၊ ရှေ့ပြေးသံချပ်ကာ ရထားများဖြင့် စောင့်ရှောက်ပေးရခြင်းများကြောင့် ရထားများ သွားလာခုတ်မောင်းရာတွင် ခရီးတွင်ကျယ်မှု မရှိသည့်အပြင် စရိတ်လည်း ပိုမိုကုန်ကျခဲ့ရပါသည်။
ဒီဇယ်စက်ခေါင်းများ အသုံးပြုခြင်း
၁၄။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် စစ်ကြိုခေတ်နှင့် စစ်အတွင်းက ကျန်ရှိခဲ့သည့် ရေနွေးငွေ့ စက်ခေါင်းများကို ဆက်လက်သုံးစွဲခဲ့ရပါသည်။ ယင်းစက်ခေါင်းဟောင်းကြီးများမှာ ဆွဲအားကျလျက် မကြာခဏ ပျက်စီး ချို့ယွင်းလာသည့်အလျောက် ရထားများ တွင်ကျယ်စွာ ခုတ်မောင်းရေးကို ထိခိုက်လာသဖြင့် စက်ခေါင်းသစ်များ မှာယူရေးကို စဉ်းစားခဲ့ပါသည်။ ပထမဆုံးအနေဖြင့် ပြင်သစ်နိုင်ငံ၊ အယ်စသွန်
(Alsthom)
ကုမ္ပဏီမှ ဒီဇယ် လျှပ်စစ်စက်ခေါင်း (၆)ခေါင်းကို ၀ယ်ယူခဲ့ပြီး၊ ရန်ကုန်-လက်ပံတန်း-ပြည်၊ ရန်ကုန်-မုတ္တမနှင့် ရန်ကုန်-မန္တလေးအကြား ပြေးဆွဲနေသော အမြန်လူစီးရထားများတွင် ၁၉၅၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်နေ့မှ စတင် အသုံးပြုခဲ့ပါသည်။ နောက်ပိုင်းတွင် လုပ်ငန်းလိုအပ်ချက်နှင့် ဘဏ္ဍာငွေအကူအညီရရှိမှု အခြေအနေအရ ပြင်သစ်၊ ဂျာမဏီ (ယခင်အနောက်ဂျာမဏီ)၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ဒီဇယ်စက်ခေါင်းများ ၀ယ်ယူခဲ့ပါ သည်။ ၂၀၀၈ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ့မီးရထားတွင် ဒီဇယ်စက်ခေါင်း (၃၄၅) လုံးရှိနေပြီဖြစ်ပါသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း
၁၅။
ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူအများ ဆက်သွယ်သွားလာရာ၌ လွယ်ကူသက်သာစေရန်၊ ရန်ကုန်မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီကပင် ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသဖြင့် ထိုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါ။ အိမ်စောင့်အစိုးရ လက်ထက်မှသာ မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် မြို့ပတ်ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်း စတင်၍ ၁၉၅၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။
ယနေ့ခေတ်မြန်မာ့မီးရထား
၁၆။
၎င်းနောက် အစိုးရအဆက်ဆက် မှ ရထားလမ်းများကို ဆက်လက်ဖောက်လုပ်ခဲ့ရာ ၁၉၈၈ခုနှစ် မတိုင်မီ ရထားသံလမ်းမိုင် (၂၇၉၃)မိုင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ခုနှစ်၊ ဇန်န၀ါရီလအထိ ရထားသံလမ်းမိုင် (၄၂၈၈)မိုင် အထိ ဖောက်လုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ရထားလမ်းသစ်များကိုလည်း
National Railway Network
အဖြစ် စီမံကိန်းချမှတ်၍ တိုးချဲ့ ဖောက်လုပ်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် မြန်မာ့မီးရထားကို အရာထမ်း (၄၃၁)ဦး နှင့် အမှုထမ်း (၃၁၄၆၉)ဦး၊ စုစုပေါင်း (၃၁၉၀၀)ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်၍ စီမံခန့်ခွဲရေးအဖွဲ့ဝင် အထွေထွေ မန်နေဂျာ (၁၃)ဦးဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။
|
|
|
|
မြန်မာ့မီးရထား
|
| ၁။ |
ခရီးသည်နှင့်ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး။ |
 |
| ၂။ |
မတော်တဆမှုများ လျော့နည်းပပျောက်ရေး။ |
| ၃။ |
ရထားများ အချိန်မှန်ကန်ရေး။ |
| ၄။ |
ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး။ |
| ၅။ |
ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး။ |
| ၆။ |
လက်ဝယ်ရှိလူ၊ ပစ္စည်း၊ စနစ်ပိုင်းများကိုအထိရောက်ဆုံးဖြစ်စေရန်ကြိုးပမ်းရေး။ |
| ၇။ |
စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်ရေး။ |
| ၈။ |
စက်ခေါင်း ၊ တွဲ ချွတ်ယွင်းမှု လျော့နည်းရေး။ |
| ၉။ |
စက်ကိရိယာနှင့်အရန်ပစ္စည်းများ တီထွင်ထုတ်လုပ်တိုးတက်အောင် ဆောင်ရွက်ရေး။ |
| ၁၀။ |
ဝန်ထမ်းအခွင့်အရေးနှင့် သက်သာချောင်ချိရေးကိစ္စများ မျက်ခြေမပြတ်ရေး။ |
| ၁၁။ |
မသမာမှု ကင်းရှင်းပပျောက်ရေး။ |
|
|
မြန်မာ့မီးရထား
|
|
ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား ၁၉၈၈ခုနှစ်မှ (၃၁-၁-၂၀၀၉) ရက်နေ့အထိ တိုးတက်မှု

|
စဉ်
|
အကြောင်းအရာ
|
၁၉၈၈ခုနှစ် အထိ
|
(၃၁-၁-၂၀၀၉) အထိ
|
တိုးတက်မှု
|
|
၁။
|
ရထားလမ်းခရီးမိုင်
|
၁၉၇၆.၃၅
|
၃၁၈၆.၈၆
|
၁၂၁၀.၅၁
|
|
၂။
|
ရထားလမ်းတံတားများ
|
|
( ၆၀၀ပေ အထက် )
|
၁၀
|
၂၂
|
၁၂
|
|
( ၆၀၀ပေနှင့် ၁၈၀ပေ အကြား )
|
၁၄၇
|
၁၈၇
|
၄၀
|
|
( ၁၈၀ပေ အောက် )
|
၅၄၉၃
|
၁၀၀၂၇
|
၄၅၃၄
|
|
စုစုပေါင်း
|
၅၆၅၀
|
၁၀၂၃၆
|
၄၅၈၆
|
|
၃။
|
ဘူတာ
|
၄၈၇
|
၈၁၂
|
၃၂၅
|
 
၁၉၈၈ခုနှစ်နောက်ပိုင်း ဖောက်လုပ်ခဲ့သည့် ရထားလမ်းပိုင်းများ
| ၁။ |
ဒါးပိန် - လှေလှော်အင်း |
| ၂။ |
မန္တလေးမြို့ပတ်(အနောက်) |
| ၃။ |
မန္တလေးမြို့ပတ်(အရှေ့) |
| ၄။ |
တံတားဦး - မြို့သာ |
| ၅။ |
ရွှေညောင် - ရပ်စောက် |
| ၆။ |
မန္တလေးမြို့ပတ်(တောင်ပတ်) |
| ၇။ |
မြို့သာ - ၀က်လူး |
| ၈။ |
ဝက်လူး - နွားထိုးကြီး |
| ၉။ |
နွားထိုးကြီး - မြင်းခြံ |
| ၁၀။ |
အောင်ပန်း - ပင်လောင်း |
| ၁၁။ |
ပင်လောင်း - လွိုင်ကော် |
| ၁၂။ |
တိုးကြောင်ကလေး - အုတ်ဖိုစု |
| ၁၃။ |
ချောင်းဦး - တောကျောင်းကြီး |
| ၁၄။ |
ပခုက္ကူ - မင်းရွာ |
| ၁၅။ |
တံတားဦး - မန္တလေး အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း |
| ၁၆။ |
ပခုက္ကူ - မြိုင် - မြို့စိုး |
| ၁၇။ |
မြို့စိုး - ဇီးပြား |
| ၁၈။ |
ကလေး - နတ်ချောင်း |
| ၁၉။ |
နမ့်စန် - မိုးနဲ |
| ၂၀။ |
ထားဝယ် - ရေဖြူ |
| ၂၁။ |
မြို့ဟောင်း - မြစ်ငယ်ဒွေးလမ်း |
| ၂၂။ |
နတ်ချောင်း - ဂန့်ဂေါ |
| ၂၃။ |
နန့်ကွေ့ - နမ့်ပေါင် လေယာဉ်ကွင်းလမ်းမြှောင် |
| ၂၄။ |
ဘန်းယဉ် - ဖာမွန်း |
| ၂၅။ |
ပျဉ်းမနား - ကျည်တောင်ကန် |
| ၂၆။ |
တောင်ကြီး - ဖာမွန်း |
| ၂၇။ |
ပုဂံ- ဆားခါး |
| ၂၈။ |
ရေး(ချောင်းတောင်) - ကလော့ကြီး |
| ၂၉။ |
ပုဂံ - ကျောက်ပန်းတောင်း |
| ၃၀။ |
ဇီးပြား - ကျော |
| ၃၁။ |
အောင်လံ - ဆတ်သွား |
| ၃၂။ |
ဂန့်ဂေါ - ရေမျက်နီ |
| ၃၃။ |
ပြည် - အောင်လံ |
| ၃၄။ |
ပခုက္ကူ - ရွှေတန့်တစ်ဆိုဒ်ဒင် |
| ၃၅။ |
ရွှေညောင် - တောင်ကြီး |
| ၃၆။ |
ရေဖြူ - ကလော့ကြီး |
| ၃၇။ |
ဒညင်းကုန်း - လှော်ကားဒွေးလမ်း |
| ၃၈။ |
ပျော်ဘွယ် - ရန်အောင် |
| ၃၉။ |
မကွေး - တောင်တွင်းကြီး |
| ၄၀။ |
မန္တလေး အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း တိုးချဲ့လမ်းမြှောင် |
| ၄၁။ |
ဆင်ဖြူရှင်တံတားချဉ်းကပ်လမ်း (အရှေ့/အနောက်) |
| ၄၂။ |
ဘုတလင် - ရေဦး - ခင်ဦး |
| ၄၃။ |
ဘန်းယဉ် - ဆိုက်ခေါင် |
| ၄၄။ |
နမ့်စန် - မိုင်းစစ် |
| ၄၅။ |
ဆိုက်ခေါင် - ပြင်သာယာ |
| ၄၆။ |
အုတ်ဖိုစု - သီလ၀ါ |
| ၄၇။ |
ရေးမြစ်ကူးတံတား ချဉ်းကပ်ရထားလမ်း |
| ၄၈။ |
မိုင်းစိတ် - ကောင်ဆိုင်း |
| ၄၉။ |
ပြင်သာယာ - ထီရိ |
| ၅၀။ |
ထီရိ - ပွန်ချောင်း |
| ၅၁။ |
ပွန်ချောင်း - ကောင်ဆိုင်း |
| ၅၂။ |
တိုးကြောင်ကလေး - ဒဂုံတက္ကသိုလ် |
| ၅၃။ |
သံလွင်တံတား(မော်လမြိုင်) ချဉ်းကပ်ရထားလမ်း |
| ၅၄။ |
အုတ်ဖိုစု - ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် |
| ၅၅။ |
မြစ်ငယ် - ကျောက်ဆည်(ဒွေးလမ်း) |
| ၅၆။ |
သာစည် - ကွမ်းခြံရိုး |
| ၅၇။ |
ကျော - ရေမျက်နီ |
| ၅၈။ |
ဒိုက်ဦး - စစ်တောင်း |
| ၅၉။ |
လှော်ကား - ကွန်ပျူတာတက္ကသိုလ် |
| ၆၀။ |
ကြေးနီ - ချောက် |
| ၆၁။ |
ကျည်တောင်ကန် - ကျောက်ဆည်(ဒွေးလမ်း) |
| ၆၂။ |
ကြံခင်း - ဥသျှစ်ပင် |
| ၆၃။ |
ပျော်ဘွယ် - ဘုရားငါးဆူ |
ဖောက်လုပ်ဆဲ ရထားလမ်းများ
| ၁။ |
ပဲခူး - ဟံသာဝတီ(လေဆိပ်)ရထားလမ်း |
| ၂။ |
ဥသျှစ်ပင် - ပခုက္ကူ |
| ၃။ |
ကသာ - ဗန်းမော် |
| ၄။ |
ကျိုင်းတုံ - နမ့်စန် |
| ၅။ |
ပျော်ဘွယ် - နတ်မောက် - မကွေး |
| ၆။ |
ထားဝယ် - မြိတ် |
| ၇။ |
စစ်တွေ - အမ်း - မင်းဘူး |
|
|
မြန်မာ့မီးရထား
|
|
နိုင်ငံခြားသားများအတွက် ခရီးစဉ်အလိုက် ဒေါ်လာလက်မှတ်ခနှုန်းထား
|
စဉ်
|
ခရီးစဉ်
|
ရထားအမျိုးအစား
|
လက်မှတ်ခနှုန်းထား
|
|
မှ
|
သို့
|
အထတ (အိပ်စင်)
|
အထတ (ထိုင်ခုံ)
|
ပထမတ
|
ရရတ
|
|
၁။
|
ရန်ကုန်
|
မန္တလေး
|
အထူးအမြန်
|
၄၀
|
၃၅
|
၃၀
|
၁၅
|
|
၂။
|
ရန်ကုန်
|
မန္တလေး
|
အမြန်
|
၃၃
|
၃၀
|
၂၂
|
၁၁
|
|
၃။
|
ရန်ကုန်
|
သာစည်
|
အမြန်
|
-
|
၃၂
|
၂၄
|
၁၂
|
|
၎။
|
ရန်ကုန်
|
သာစည်
|
အမြန်
|
၃၃
|
၂၅
|
၁၈
|
၉
|
|
၅။
|
ရန်ကုန်
|
ပျဉ်းမနား
|
အထူးအမြန်
|
၂၈
|
၂၁
|
၁၆
|
၈
|
|
၆။
|
ရန်ကုန်
|
ပျဉ်းမနား
|
အမြန်
|
၂၇
|
၂၀
|
၁၄
|
၇
|
|
၇။
|
ရန်ကုန်
|
တောင်ငူ
|
အမြန်
|
-
|
၁၆
|
၁၂
|
၆
|
|
၈။
|
ရန်ကုန်
|
ပဲခူး
|
အမြန်
|
-
|
၅
|
၎
|
၂
|
|
၉။
|
ရန်ကုန်
|
မော်လမြိုင်
|
အထူးအမြန်
|
-
|
၁၈
|
၁၄
|
၇
|
|
၁၀။
|
ရန်ကုန်
|
မော်လမြိုင်
|
အမြန်
|
-
|
၁၇
|
၁၂
|
၆
|
|
၁၁။
|
ရန်ကုန်
|
ကျိုက်ထို
|
အထူးအမြန်
|
-
|
၉
|
၈
|
၎
|
|
၁၂။
|
ရန်ကုန်
|
ကျိုက်ထို
|
အမြန်
|
-
|
၈
|
၆
|
၃
|
|
၁၃။
|
ရန်ကုန်
|
ပဲခူး
|
အမြန်
|
-
|
၅
|
၎
|
၂
|
|
၁၄။
|
ရန်ကုန်
|
ပြည်
|
အမြန်
|
-
|
၁၅
|
၁၂
|
၆
|
|
၁၅။
|
ရန်ကုန်
|
ရွှေညောင်
|
စာပို့
|
-
|
၂၅
|
၂၀
|
၁၀
|
|
၁၆။
|
ပဲခူး
|
မန္တလေး
|
အမြန်
|
၃၃
|
၂၆
|
၂၂
|
၂၁
|
|
၁၇။
|
တောင်ငူ
|
မန္တလေး
|
အမြန်
|
-
|
၂၀
|
၁၄
|
၇
|
|
၁၈။
|
သာစည်
|
မန္တလေး
|
အမြန်
|
-
|
၈
|
၆
|
၃
|
|
၁၉။
|
ပဲခူး
|
သာစည်
|
အမြန်
|
-
|
၂၃
|
၁၆
|
၈
|
|
၂၀။
|
ပုသိမ်
|
ဟင်္သာတ
|
အမြန်
|
-
|
၆
|
-
|
၃
|
|
၂၁။
|
ပုသိမ်
|
ကြံခင်း
|
အမြန်
|
-
|
၁၁
|
-
|
၎
|
|
၂၂။
|
ဟင်္သာတ
|
ကြံခင်း
|
အမြန်
|
-
|
၆
|
-
|
၂
|
|
၂၃။
|
မန္တလေး
|
ပုဂံ
|
အမြန်
|
-
|
၉
|
၈
|
၎
|
|
၂၄။
|
မန္တလေး
|
မြစ်ကြီးနား
|
အထူးအမြန်
|
၄၀
|
၃၅
|
-
|
-
|
|
၂၅။
|
မန္တလေး
|
မြစ်ကြီးနား
|
အထူးအမြန်
|
၃၃
|
၂၈
|
၂၂
|
၁၁
|
|
၂၆။
|
မန္တလေး
|
မြစ်ကြီးနား
|
အမြန်
|
၃၂
|
၂၇
|
၂၀
|
၁၀
|
|
၂၇။
|
ပျဉ်းမနား
|
မန္တလေး
|
အထူးအမြန်
|
၁၈
|
၁၆
|
၁၂
|
၆
|
|
၂၈။
|
ပျဉ်းမနား
|
မန္တလေး
|
အမြန်
|
-
|
၁၅
|
၁၀
|
၅
|
|
၂၉။
|
ပျဉ်းမနား
|
ပုဂံ
|
အမြန်
|
-
|
၁၇
|
၁၀
|
၅
|
|
၃၀။
|
ပျဉ်းမနား
|
ကျောက်ပန်းတောင်း
|
အမြန်
|
-
|
၁၀
|
၈
|
၎
|
|
၃၁။
|
ပျဉ်းမနား
|
မော်လမြိုင်
|
အမြန်
|
-
|
၂၂
|
၂၀
|
၁၀
|
|
၃၂။
|
ပျဉ်းမနား
|
ကြီးနီ
|
စာပို့
|
-
|
၁၁
|
၈
|
၎
|
|
၃၃။
|
သာစည်
|
ရွှေညောင်
|
စာပို့
|
-
|
၇
|
၆
|
၃
|
|
၃၄။
|
မန္တလေး
|
လားရှိုး
|
စာပို့
|
-
|
၁၂
|
၁၀
|
၅
|
|
၃၅။
|
မန္တလေး
|
ပြင်ဦးလွင်
|
စာပို့
|
-
|
၎
|
၎
|
၂
|
|
၃၆။
|
ပြင်ဦးလွင်
|
လားရှိုး
|
စာပို့
|
-
|
၁၀
|
၈
|
၎
|
|
၃၇။
|
မန္တလေး
|
သီပေါ
|
စာပို့
|
-
|
၉
|
၆
|
၃
|
ို
နိုင်ငံခြားသားခရီးသည်များအတွက် သီးသန့် (ဘီတီအီး) တွဲဌားရမ်းခနှုန်းထားများ
|
စဉ်
|
ခရီးစဉ်
|
|
တွဲအမျိုးအစား
|
ဌားရမ်းခနှုန်းထား (ဒေါ်လာ)
|
|
မှ
|
သို့
|
|
၁။
|
ရန်ကုန်
|
မန္တလေး
|
အထူးအမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၈၀၀
|
|
၂။
|
ရန်ကုန်
|
မန္တလေး
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၆၆၀
|
|
၃။
|
ရန်ကုန်
|
မန္တလေး
|
အမြန်
|
မြစ်ငယ်ရိုးရိုးတွဲ
|
၄၀၀
|
|
၎။
|
ရန်ကုန်
|
ပျဉ်းမနား
|
အထူးအမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၅၆၀
|
|
၅။
|
ရန်ကုန်
|
ပျဉ်းမနား
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၅၄၀
|
|
၆။
|
ရန်ကုန်
|
ပျဉ်းမနား
|
အမြန်
|
မြစ်ငယ်ရိုးရိုးတွဲ
|
၃၃၀
|
|
၇။
|
ရန်ကုန်
|
မော်လမြိုင်
|
အထူးအမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၄၂၀
|
|
၈။
|
ရန်ကုန်
|
မော်လမြိုင်
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၄၀၀
|
|
၉။
|
ရန်ကုန်
|
မော်လမြိုင်
|
အမြန်
|
မြစ်ငယ်ရိုးရိုးတွဲ
|
၂၄၀
|
|
၁၀။
|
ရန်ကုန်
|
ပြည်
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၃၆၀
|
|
၁၁။
|
ရန်ကုန်
|
ပြည်
|
အမြန်
|
မြစ်ငယ်ရိုးရိုးတွဲ
|
၂၂၀
|
|
၁၂။
|
မန္တလေး
|
ပုဂံ
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၂၄၀
|
|
၁၃။
|
မန္တလေး
|
ပုဂံ
|
အမြန်
|
မြစ်ငယ်ရိုးရိုးတွဲ
|
၁၅၀
|
|
၁၄။
|
မန္တလေး
|
မြစ်ကြီးနား
|
အထူးအမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၃၃၀
|
|
၁၅။
|
မန္တလေး
|
မြစ်ကြီးနား
|
အမြန်
|
ကိုရီးယား / မြစ်ငယ်တွဲသစ်
|
၃၂၀
|
|
၁၆။
|
မန္တလေး
|
မြစ်ကြီးနား
|
စာပို့
|
မြစ်ငယ်တွဲသစ်
|
၅၈၀
|
|
၁၇။
|
မန္တလေး
|
မြစ်ကြီးနား
|
စာပို့
|
မြစ်ငယ်ရိုးရိုးတွဲ
|
၃၅၀
|
|
၁၈။
|
မန္တလေး
|
လားရှိုး
|
စာပို့
|
မြစ်ငယ်တွဲသစ်
|
၃၀၀
|
|
၁၉။
|
မန္တလေး
|
လားရှိုး
|
စာပို့
|
မြစ်ငယ်ရိုးရိုးတွဲ
|
၁၈၀
|
|
၂၀။
|
မန္တလေး
|
သီပေါ
|
စာပို့
|
မြစ်ငယ်တွဲသစ်
|
၂၄၀
|
|
၂၁။
|
မန္တလေး
|
သီပေါ
|
စာပို့
|
မြစ်ငယ်ရိုးရိုးတွဲ
|
၁၅၀
|
|
၂၂။
|
မန္တလေး
|
ပြင်ဦးလွင်
|
စာပို့
|
မြစ်ငယ်တွဲသစ်
|
၁၀၀
|
|
၂၃။
|
မန္တလေး
|
ပြင်ဦးလွင်
|
စာပို့
|
မြစ်ငယ်ရိုးရိုးတွဲ
|
၆၀
|
ရှင်းလင်းချက် ။ ။
| (၁) |
ဖော်ပြပါငှားရမ်းခနှုန်းထားမှာ ခရီးစဉ်တစ်ခုအတွက်သာ ဖြစ်ပါသည်။ |
| (၂) |
ဘီတီအီးတစ်တွဲလျှင် အိပ်စင်(၈)ခုသာပါရှိသဖြင့် အများဆုံး အသုံးပြုနိုင်သည့်ဦးရေကို (၁၂)ဦးထိ သာခွင့်ပြုပါသည်။ |
| (၃) |
ဖော်ပြပါနှုန်းထားမှာ (၈)ဦးအတွက်သာဖြစ်၍ (၈)ဦးထက်ပိုမိုအသုံးပြုလိုပါက ဖော်ပြပါနှုန်းကို(၁)ဦး ပျမ်းမျှတွက်၍ ထပ်ဆောင်းကောက်ခံပါမည်။ |
| (၄) |
အသွားခရီးစဉ် တစ်ခုသာ အသုံးပြုခြင်း (သို့မဟုတ်) အပြန်ခရီးစဉ် အသုံးပြုခြင်းများအတွက် ဘီတီအီးတွဲအား အသုံးပြုလိုသည့် နေရာသို့ အလွတ်ပေးပို့ခြင်း၊ အလွတ်ပြန်လည်ခေါ်ယူရခြင်းအဖြစ် တွဲလွတ်ဆွဲခကို ခရီးစဉ်အလိုက် ငှားရမ်းခနှုန်းကျသင့်ငွေ၏ ၁/၄ပုံ ကောက်ခံပါသည်။ |
| (၅) |
တွဲစောင့်ဆိုင်းခအဖြစ် (၁)ရက်လျှင် အသုံးပြုသည့် ခရီးစဉ်ကျသင့်ငွေ၏ ၁/၈ပုံ ကောက်ခံပါသည်။ |
| (၆) |
Air Con
အသုံးပြုလိုပါက ခရီးစဉ်တစ်ခုတွင် (၁၀)ဒေါ်လာ တွဲဖက် ကောက်ခံပြီး စက်မောင်းဆီ (ဓါတ်ဆီ)ကို ငှားရမ်းအသုံးပြုသူက ဖြည့်ဆည်း ပေးရပါမည်။ |

အန္တရာယ်ကင်းရှင်းရေး လိုက်နာရန်အချက်များ
| ၁။ |
တွဲအတက်/အဆင်း တံခါးပေါက်ဝတွင် စီးနင်းလိုက်ပါခြင်း မပြုရ။ |
| ၂။ |
တွဲခေါင်မိုးနှင့် တွဲကြားများတွင် လိုက်ပါစီးနင်းခြင်း မပြုရ။ |
| ၃။ |
ရထားထွက်ခွာနေစဉ် ပြေးတတ်/ပြေးဆင်းခြင်း မပြုလုပ်ရ။ |
| ၄။ |
ဘူတာအသီးသီးတွင် ပလက်ဖေါင်းထိပ် (PLATFORM EDGE) မှ (၄)ပေအကွာ DANGER (မျဉ်းဝါး)ကြားအတွင်းသို့ ရထားဆိုက်ရောက်ချိန်တွင် ၀င်ရောက်ခြင်းမပြုရ။ |
| ၅။ |
ရထားလမ်းအား ကျောခိုင်းပြီး သွားလာခြင်းမပြုရ။ |
| ၆။ |
ကားလမ်း/လှည်းလမ်းကူးနေရာများတွင် လက်ဝဲ/လက်ယာ(၂)ဘက်စလုံးကို ကြည့်၍ ရှင်းမှသာ ဖြတ်သန်းရမည်။ |
Do's and don'ts for safety traffic
ရွာထောင်
| 1. |
Don't be seated at the door of the coach where passengers are coming and going in. (Getting on and off.)
|
| 2. |
Don't be seated over the roof and between the two coaches.
|
| 3. |
Don't be in a hurry to get on and off the coach.
|
| 4. |
Don't get into the place of danger, marked with broad yellow stripes a distance of four-feet from the platform edge at the respective stations. (While the train is arriving.)
|
| 5. |
Don't walk in the opposite direction along the rail road. |
| 6. |
Do cross the street-crossing when it is clear keeping a sharp look-out at the both of the left and right sides.
|
|
|
မြန်မာ့မီးရထား
|
|
|
|
|
|
တိုင်းအမှတ်(၁) မြစ်ကြီးနား
|
|
တိုင်းအမှတ်(၃) မန္တလေး
|
|
|
|
|
|
|
တိုင်းအမှတ်(၄) ကလော
|
တိုင်းအမှတ်(၅) တောင်ငူ
|
တိုင်းအမှတ်(၆) ရန်ကုန်
|
|
|
|
|
|
|
တိုင်းအမှတ်(၇) ရန်ကုန်
|
တိုင်းအမှတ်(၈) မော်လမြိုင်
|
တိုင်းအမှတ်(၉) ဟင်္သာတ
|
|
|
|
|
|
တိုင်းအမှတ်(၁၀) ပခုက္ကူ
|
|
တိုင်းအမှတ်(၁၁) ပုဂံ
|
|
|
|
မြန်မာ့မီးရထား
|
|
TRAINS TIMMING
Yangon - Mandalay Line
|
Train Number
|
Yangon
|
Bago
|
Taungoo
|
Pyinmana
|
Thazi
|
Mandalay
|
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
|
1 UP
|
-
|
04:00
|
05:56
|
06:11
|
15:20
|
15:40
|
19:08
|
19:18
|
00:45
|
00:50
|
06:10
|
-
|
|
2 DN
|
19:30
|
-
|
16:08
|
16:55
|
09:01
|
09:21
|
05:50
|
06:00
|
23:59
|
00:09
|
-
|
19:15
|
|
3 UP
|
-
|
05:30
|
07:18
|
07:21
|
12:14
|
12:24
|
14:33
|
14:36
|
18:00
|
18:03
|
21:30
|
-
|
|
4 DN
|
21:30
|
-
|
19:09
|
19:12
|
14:03
|
14:13
|
11:49
|
11:52
|
08:17
|
08:20
|
-
|
05:30
|
|
5 UP
|
-
|
05:00
|
06:48
|
06:51
|
11:18
|
11:28
|
13:44
|
13:48
|
16:53
|
16:56
|
20:10
|
-
|
|
6 DN
|
20:10
|
-
|
17:49
|
17:52
|
13:08
|
13:18
|
10:58
|
11:01
|
07:45
|
07:48
|
-
|
05:00
|
|
7 UP
|
-
|
11:00
|
12:49
|
12:52
|
17:24
|
17:27
|
19:45
|
-
|
-
|
-
|
-
|
-
|
|
8 DN
|
18:45
|
-
|
16:37
|
16:40
|
11:57
|
12:00
|
09:27
|
10:00
|
-
|
-
|
-
|
-
|
|
9 UP
|
-
|
08:30
|
10:28
|
10:43
|
17:56
|
18:51
|
21:30
|
-
|
-
|
-
|
-
|
-
|
|
10 DN
|
17:45
|
-
|
14:46
|
15:01
|
07:25
|
07:55
|
-
|
04:30
|
-
|
-
|
-
|
-
|
|
11 UP
|
-
|
06:00
|
07:48
|
07:50
|
12:47
|
12:57
|
15:22
|
15:25
|
18:45
|
18:48
|
22:00
|
-
|
|
12 DN
|
22:00
|
-
|
19:32
|
19:35
|
14:39
|
14:49
|
12:20
|
12:23
|
09:01
|
09:04
|
-
|
06:00
|
|
29 UP
|
-
|
12:15
|
-
|
14:02
|
18:23
|
18:25
|
20:55
|
20:58
|
00:20
|
00:23
|
04:00
|
-
|
|
30 DN
|
13:00
|
-
|
-
|
10:34
|
06:08
|
06:18
|
04:06
|
04:11
|
01:10
|
01:13
|
-
|
22:30
|
|
31 UP
|
-
|
08:00
|
09:47
|
09:50
|
14:12
|
14:15
|
16:30
|
-
|
-
|
-
|
-
|
-
|
|
32 DN
|
13:45
|
-
|
11:29
|
11:32
|
06:57
|
07:00
|
-
|
05:00
|
-
|
-
|
-
|
-
|
|
Train Number
|
Yangon
|
Bago
|
Kyaikhto
|
Mawlamyine
|
Ye
|
Dawei
|
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
|
35 UP
|
-
|
06:30
|
08:15
|
08:18
|
10:52
|
10:55
|
-
|
-
|
15:10
|
-
|
-
|
-
|
|
36 DN
|
15:00
|
-
|
12:52
|
12:55
|
09:55
|
09:58
|
-
|
-
|
-
|
06:00
|
-
|
-
|
|
89 UP
|
-
|
07:15
|
09:02
|
09:07
|
12:15
|
12:18
|
-
|
-
|
17:00
|
-
|
-
|
-
|
|
90 DN
|
18:30
|
-
|
16:21
|
16:26
|
12:48
|
12:50
|
-
|
-
|
-
|
08:15
|
-
|
-
|
|
175 UP
|
-
|
09:00
|
10:47
|
10:49
|
13:31
|
13:34
|
20:00
|
-
|
18:10
|
05:00
|
11:30
|
12:00
|
|
176 DN
|
16:30
|
-
|
14:14
|
14:22
|
11:22
|
11:24
|
-
|
05:00
|
20:30
|
07:00
|
13:30
|
14:00
|
Yangon - Pyi Line
|
Train Number
|
Yangon / Kemmendine
|
Tharrawaddy
|
Lepadan
|
Padigon
|
Pyi
|
Taarrawaw
|
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
|
63 UP
|
-
|
07:00
|
11:54
|
11:57
|
12:33
|
12:43
|
16:58
|
17:13
|
19:50
|
-
|
-
|
-
|
|
64 DN
|
15:00
|
-
|
09:19
|
09:22
|
08:33
|
08:43
|
04:11
|
04:26
|
-
|
02:00
|
-
|
-
|
|
69 UP
|
-
|
06:15
|
10:07
|
10:12
|
10:45
|
11:00
|
-
|
-
|
-
|
-
|
13:15
|
-
|
|
70 DN
|
21:45
|
-
|
17:17
|
17:22
|
16:31
|
16:53
|
-
|
-
|
-
|
-
|
-
|
14:45
|
|
71 UP
|
-
|
13:00
|
16:15
|
16:23
|
16:50
|
17:00
|
19:55
|
19:57
|
21:30
|
-
|
-
|
-
|
|
72 DN
|
07:50
|
-
|
04:24
|
04:27
|
03:50
|
03:55
|
00:41
|
00:44
|
-
|
23:30
|
-
|
-
|
Mandalay - Myitkyina Line
|
Train Number
|
Mandalay
|
Shwebo
|
Kawlin
|
Naba
|
Mohnyin
|
Myitkyina
|
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
ARRI- VEL
|
DEPAR- TURE
|
|
37 UP
|
-
|
12:00
|
15:01
|
15:03
|
19:34
|
19:39
|
23:10
|
23:20
|
02:16
|
02:19
|
08:00
|
-
|
|
38 DN
|
08:00
|
-
|
04:02
|
04:22
|
23:42
|
23:47
|
20:17
|
20:27
|
17:27
|
17:30
|
-
|
12:00
|
|
55 UP
|
-
|
13:30
|
16:43
|
16:45
|
21:43
|
21:53
|
01:37
|
01:47
|
04:53
|
05:03
|
10:50
|
-
|
|
56 DN
|
05:00
|
-
|
01:43
|
01:45
|
20:32
|
20:42
|
16:20
|
16:30
|
13:10
|
13:20
|
-
|
07:00
|
|
57 UP
|
-
|
16:00
|
19:05
|
19:07
|
23:35
|
23:45
|
03:40
|
03:45
|
06:50
|
06:55
|
13:20
|
-
|
|
58 DN
|
12:10
|
-
|
09:02
|
09:04
|
04:20
|
04:25
|
00:29
|
00:34
|
22:12
|
22:17
|
-
|
15:30
|
ရထားအချိန်စာရင်း
ရန်ကုန် - မန္တလေးလမ်းပိုင်း
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
၁ အဆန်
|
-
|
၀၄း၀၀
|
၀၅း၅၆
|
၀၆း၁၁
|
၁၅း၂၀
|
၁၅း၄၀
|
၁၉း၁၈
|
၁၉း၁၈
|
၀၀း၄၅
|
၀၀း၅၀
|
၀၆း၁၀
|
-
|
|
၂ အစုန်
|
၁၉း၃၀
|
-
|
၁၆း၀၈
|
၁၆း၅၅
|
၀၉း၀၁
|
၀၉း၂၁
|
၀၅း၅၀
|
၀၆း၀၀
|
၂၃း၅၉
|
၀၀း၀၉
|
-
|
၁၉း၁၅
|
|
၃ အဆန်
|
-
|
၀၅း၃၀
|
၀၇း၁၈
|
၀၇း၂၁
|
၁၂း၁၄
|
၁၂း၂၄
|
၁၄း၃၃
|
၁၄း၃၆
|
၁၈း၀၀
|
၁၈း၀၃
|
၂၁း၃၀
|
-
|
|
၎ အစုန်
|
၂၁း၃၀
|
-
|
၁၉း၀၉
|
၁၉း၁၂
|
၁၄း၀၃
|
၁၄း၁၃
|
၁၁း၄၉
|
၁၁း၅၂
|
၀၈း၁၇
|
၀၈း၂၀
|
-
|
၀၅း၃၀
|
|
၅ အဆန်
|
-
|
၀၅း၀၀
|
၀၆း၄၈
|
၀၆း၅၁
|
၁၁း၁၈
|
၁၁း၂၈
|
၁၃း၄၄
|
၁၃း၄၈
|
၁၆း၅၃
|
၁၆း၅၆
|
၂၀း၁၀
|
-
|
|
၆ အစုန်
|
၂၀း၁၀
|
-
|
၁၇း၄၉
|
၁၇း၅၂
|
၁၃း၀၈
|
၁၃း၁၈
|
၁၀း၅၈
|
၁၁း၀၁
|
၀၇း၄၅
|
၀၇း၄၈
|
-
|
၀၅း၀၀
|
|
၇ အဆန်
|
-
|
၁၁း၀၀
|
၁၂း၄၉
|
၁၂း၅၂
|
၁၇း၂၄
|
၁၇း၂၇
|
၁၉း၄၅
|
-
|
-
|
-
|
-
|
-
|
|
၈ အစုန်
|
၁၈း၄၅
|
-
|
၁၆း၃၇
|
၁၆း၄၀
|
၁၁း၅၇
|
၁၂း၀၀
|
၀၉း၂၇
|
၁၀း၀၀
|
-
|
-
|
-
|
-
|
|
၉ အဆန်
|
-
|
၀၈း၃၀
|
၁၀း၂၈
|
၁၀း၄၃
|
၁၇း၅၆
|
၁၈း၅၁
|
၂၁း၃၀
|
-
|
-
|
-
|
-
|
-
|
|
၁၀ အစုန်
|
၁၇း၄၅
|
-
|
၁၄း၄၆
|
၁၅း၀၁
|
၀၇း၂၅
|
၀၇း၅၅
|
-
|
၀၄း၃၀
|
-
|
-
|
-
|
-
|
|
၁၁ အဆန်
|
-
|
၀၆း၀၀
|
၀၇း၄၈
|
၀၇း၅၀
|
၁၂း၄၇
|
၁၂း၅၇
|
၁၅း၂၂
|
၁၅း၂၅
|
၁၈း၄၅
|
၁၈း၄၈
|
၂၂း၀၀
|
-
|
|
၁၂ အစုန်
|
၂၂း၀၀
|
-
|
၁၉း၃၂
|
၁၉း၃၅
|
၁၄း၃၉
|
၁၄း၄၉
|
၁၂း၂၀
|
၁၂း၂၃
|
၀၉း၀၁
|
၀၉း၀၄
|
-
|
၀၆း၀၀
|
|
၂၉ အဆန်
|
-
|
၁၂း၁၅
|
-
|
၁၄း၀၂
|
၁၈း၂၃
|
၁၈း၂၅
|
၂၀း၅၅
|
၂၀း၅၈
|
၀၀း၂၀
|
၀၀း၂၃
|
၀၄း၀၀
|
-
|
|
၃၀ အစုန်
|
၁၃း၀၀
|
-
|
-
|
၁၀း၃၄
|
၀၆း၀၈
|
၀၆း၁၈
|
၀၄း၀၆
|
၀၄း၁၁
|
၀၁း၁၀
|
၀၁း၁၃
|
-
|
၂၂း၃၀
|
|
၃၁ အဆန်
|
-
|
၀၈း၀၀
|
၀၉း၄၇
|
၀၉း၅၀
|
၁၄း၁၂
|
၁၄း၁၅
|
၁၆း၃၀
|
-
|
-
|
-
|
-
|
-
|
|
၃၂ အစုန်
|
၁၃း၄၅
|
-
|
၁၁း၂၉
|
၁၁း၃၂
|
၀၆း၅၇
|
၀၇း၀၀
|
-
|
၀၅း၀၀
|
-
|
-
|
-
|
-
|
ရန်ကုန် - မော်လမြိုင် - ထားဝယ်လမ်းပိုင်း
|
ရထား
|
ရန်ကုန်
|
ပဲခူး
|
ကျိုက်ထို
|
မော်လမြိုင်
|
ရေး
|
ထားဝယ်
|
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
|
၃၅ အဆန်
|
-
|
၀၆း၃၀
|
၀၈း၁၅
|
၀၈း၁၈
|
၁၀း၅၂
|
၁၀း၅၅
|
-
|
-
|
၁၅း၁၀
|
-
|
-
|
-
|
|
၃၆ အစုန်
|
၁၅း၀၀
|
-
|
၁၂း၅၂
|
၁၂း၅၅
|
၀၉း၅၅
|
၀၉း၅၈
|
-
|
-
|
-
|
၀၆း၀၀
|
-
|
-
|
|
၈၉ အဆန်
|
-
|
၀၇း၁၅
|
၀၉း၀၂
|
၀၉း၀၇
|
၁၂း၁၅
|
၁၂း၁၈
|
-
|
-
|
၁၇း၀၀
|
-
|
-
|
-
|
|
၉၀ အစုန်
|
၁၈း၃၀
|
-
|
၁၆း၂၁
|
၁၆း၂၆
|
၁၂း၄၈
|
၁၂း၅၀
|
-
|
-
|
-
|
၀၈း၁၅
|
-
|
-
|
|
၁၇၅ အဆန်
|
-
|
၀၉း၀၀
|
၁၀း၄၇
|
၁၀း၄၉
|
၁၃း၃၁
|
၁၃း၃၄
|
၂၀း၀၀
|
-
|
၁၈း၁၀
|
၀၅း၀၀
|
၁၁း၃၀
|
၁၂း၀၀
|
|
၁၇၆ အစုန်
|
၁၆း၃၀
|
-
|
၁၄း၁၄
|
၁၄း၂၂
|
၁၁း၂၂
|
၁၁း၂၄
|
-
|
၀၅း၀၀
|
၂၀း၃၀
|
၀၇း၀၀
|
၁၃း၃၀
|
၁၄း၀၀
|
ရန်ကုန် - ပြည်လမ်းပိုင်း
|
ရထား
|
ရန်ကုန်/ ကြည့်မြင်တိုင်
|
သာယာဝတီ
|
လက်ပံတန်း
|
ပုတီးကုန်း
|
ပြည်
|
သာရဝေါ
|
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
|
၆၃ အဆန်
|
-
|
၀၇း၀၀
|
၁၁း၄၅
|
၁၁း၅၇
|
၁၂း၃၃
|
၁၂း၄၃
|
၁၆း၅၈
|
၁၇း၁၃
|
၁၉း၅၀
|
-
|
-
|
-
|
|
၆၄ အစုန်
|
၁၅၀၀
|
-
|
၀၉း၁၉
|
၀၉း၂၂
|
၀၈း၃၃
|
၀၈း၄၃
|
၀၄း၁၁
|
၀၄း၂၆
|
-
|
၀၂း၀၀
|
-
|
-
|
|
၆၉ အဆန်
|
-
|
၀၆း၁၅
|
၁၀း၀၇
|
၁၀း၁၂
|
၁၀း၄၅
|
၁၁း၀၀
|
-
|
-
|
-
|
-
|
၁၃း၁၅
|
-
|
|
၇၀ အစုန်
|
၂၁း၄၅
|
-
|
၁၇း၁၇
|
၁၇း၂၂
|
၁၆း၃၁
|
၁၆း၅၃
|
-
|
-
|
-
|
-
|
-
|
၁၄း၄၅
|
|
၇၁ အဆန်
|
-
|
၁၃း၀၀
|
၁၆း၁၅
|
၁၆း၂၃
|
၁၆း၅၀
|
၁၇း၀၀
|
၁၉း၅၅
|
၁၉း၅၇
|
၂၁း၃၀
|
-
|
-
|
-
|
|
၇၂ အစုန်
|
၀၇း၅၀
|
-
|
၀၄း၂၄
|
၀၄း၂၇
|
၀၃း၅၀
|
၀၃း၅၅
|
၀၀း၄၁
|
၀၀း၄၄
|
-
|
၂၃း၃၀
|
-
|
-
|
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း
|
ရထား
|
မန္တလေး
|
ရွှေဘို
|
ကော်လင်း
|
နဘား
|
မိုးညှင်း
|
မြစ်ကြီးနား
|
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
ရောက်
|
ထွက်
|
|
၃၇ အဆန်
|
-
|
၁၂း၀၀
|
၁၅း၀၁
|
၁၅း၀၃
|
၁၉း၃၄
|
၁၉း၃၉
|
၂၃း၁၀
|
၂၃း၂၀
|
၀၂း၁၆
|
၀၂း၁၉
|
၀၈း၀၀
|
-
|
|
၃၈ အစုန်
|
၀၈း၀၀
|
-
|
၀၄း၀၂
|
၀၄း၂၂
|
၂၃း၄၂
|
၂၃း၄၇
|
၂၀း၁၇
|
၂၀း၂၇
|
၁၇း၂၇
|
၁၇း၃၀
|
-
|
၁၂း၀၀
|
|
၅၅ အဆန်
|
-
|
၁၃း၃၀
|
၁၆း၄၃
|
၁၆း၄၅
|
၂၁း၄၃
|
၂၁း၅၃
|
၀၁း၃၇
|
၀၁း၄၇
|
၀၄း၅၃
|
၀၅း၀၃
|
၁၀း၅၀
|
-
|
|
၅၆ အစုန်
|
၀၅း၀၀
|
-
|
၀၁း၄၃
|
၀၁း၄၅
|
၂၀း၃၂
|
၂၀း၄၂
|
၁၆း၂၀
|
၁၆း၃၀
|
၁၃း၁၀
|
၁၃း၂၀
|
-
|
၀၇း၀၀
|
|
၅၇ အဆန်
|
-
|
၁၆း၀၀
|
၁၉း၀၅
|
၁၉း၀၇
|
၂၃း၃၅
|
၂၃း၄၅
|
၀၃း၄၀
|
၀၃း၄၅
|
၀၆း၅၀
|
၀၆း၅၅
|
၁၃း၂၀
|
-
|
|
၅၈ အစုန်
|
၁၂း၁၀
|
-
|
၀၉း၀၂
|
၀၉း၀၄
|
၀၄း၂၀
|
၀၄း၂၅
|
၀၀း၂၉
|
၀၀း၃၄
|
၂၂း၁၂
|
၂၂း၁၇
|
-
|
၁၅း၃၀
|
START FROM NAYPYIDAW
|
TRIN NUMBER
|
FORM
|
TO
|
NOTE
|
|
8 - DN
|
NAYPYIDAW
|
RANGON
|
EXPRESS
|
|
10 - DN
|
NAYPYIDAW
|
RANGON
|
MAIL
|
|
16 - DN
|
NAYPYIDAW
|
MAWLAMYINE
|
EXPRESS
|
|
25 - UP
|
NAYPYIDAW
|
MANDALAY
|
EXPRESS
|
|
27 - UP
|
NAYPYIDAW
|
MYINGYAN
|
EXPRESS
|
|
32 - DN
|
NAYPYIDAW
|
RANGON
|
EXPRESS
|
|
101 - UP
|
NAYPYIDAW
|
CHOUK
|
MAIL
|
|
103 - UP
|
NAYPYIDAW
|
TAUNGDWINGYI
|
LOCAL
|
|
107 - UP
|
NAYPYIDAW
|
BAGAN
|
EXPRESS
|
|
109 - UP
|
NAYPYIDAW
|
PYI
|
EXPRESS
|
|
141 - UP
|
NAYPYIDAW
|
SHWENYAUNG
|
MAIL
|
|
147 - UP
|
NAYPYIDAW
|
LOIKAW
|
MAIL
|
နေပြည်တော်မှထွက်ခွာသောရထားများ
|
ရထားအမှတ်
|
မှ
|
သို့
|
မှတ်ချက်
|
|
၈ - အစုန်
|
နေပြည်တော်
|
ရန်ကုန်
|
အမြန်
|
|
၁၀ - အစုန်
|
နေပြည်တော်
|
ရန်ကုန်
|
စာပို့
|
|
၁၆ - အစုန်
|
နေပြည်တော်
|
မော်လမြိုင်
|
အမြန်
|
|
၂၅ - အဆန်
|
နေပြည်တော်
|
မန္တလေး
|
အမြန်
|
|
၂၇ - အဆန်
|
နေပြည်တော်
|
မြင်းခြံ
|
အမြန်
|
|
၃၂ - အစုန်
|
နေပြည်တော်
|
ရန်ကုန်
|
အမြန်
|
|
၁၀၁ - အဆန်
|
နေပြည်တော်
|
ချောက်
|
စာပို့
|
|
၁၀၃ - အဆန်
|
နေပြည်တော်
|
တောင်တွင်းကြီး
|
လူစီးကုန်တင်
|
|
၁၀၇ - အဆန်
|
နေပြည်တော်
|
ပုဂံ
|
အမြန်
|
|
၁၀၉ - အဆန်
|
နေပြည်တော်
|
ပြည်
|
အမြန်
|
|
၁၄၁ - အဆန်
|
နေပြည်တော်
|
ရွှေညောင်
|
စာပို့
|
|
၁၄၇ - အဆန်
|
နေပြည်တော်
|
လွိုင်ကော်
|
စာပို့
|
|
|
|
|
|
|