|
ယာဉ်မောင်းလိုင်စင်အသစ်ရယူရန်လိုအပ်ချက်များ
၁။ ယာဉ်မောင်းလိုင်စင်အမျိုးအစားအလိုက် အသစ်ရယူရန်အောက်ပါအချက်များ
လိုအပ်ပါသည် -
| (က) |
"သ"ယာဉ်မောင်းလိုင်စင် ရယူလိုသူသည် အသက် ၁၇ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၎င်းအား ယာဉ်မောင်းသင်ကြားပေးနိုင်သူရှိရမည်။
|
| (ခ) |
"က"ယာဉ်မောင်းလိုင်စင် သို့မဟုတ် "ခ"ယာဉ်မောင်းလိုင်စင်ရလိုသူသည် "သ"ယာဉ်မောင်းလိုင်စင်ကို ရရှိထားသူဖြစ်ရမည်။
|
| (ဂ) |
"ဂ"ယာဉ်မောင်းလိုင်စင် ရလိုသူသည် အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် မောင်းနှင်ခွင့်ရလိုသော စက်တပ်ယာဉ်ကို မောင်းနှင်နိုင်သူ
ဖြစ်ရမည်။
|
| (ဃ) |
"ဃ"ယာဉ်မောင်းလိုင်စင် ရလိုသူသည် ရရှိထားသော "ခ"ယာဉ်မောင်း လိုင်စင်သက်တမ်း သုံးနှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၎င်းလိုင်စင်ဖြင့်
အငှားမောင်းသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။
|
| (င) |
"င"ယာဉ်မောင်းလိုင်စင် ရလိုသူသည် ရရှိထားသော "ဃ"ယာဉ်မောင်း လိုင်စင်သက်တမ်း နှစ်နှစ်ပြည့်ပြီးသူ (သို့မဟုတ်) "ခ"ယာဉ်မောင်း
လိုင်စင်သက်တမ်း ငါးနှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။
သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ
အောင်မြင်ရမည်။
|
| (စ) |
လက်မှတ်ရောင်း သို့မဟုတ် စပယ်ယာ လိုင်စင်ရယူလိုသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသော ပြည်ထောင်စုနိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ်
နိုင်ငံသား ပြုခွင့်ရသူဖြစ်ရမည်။ သတ်မှတ်ထားသော ကျန်းမာရေးအဆင့်အတန်းနှင့်ညီညွတ်ရမည့်အပြင် ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်
စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။
|
| (ဆ) |
တပ်မတော် (ကြည်း/ရေ/လေ)၏ ယာဉ်မောင်းလိုင်စင်ကို အနည်းဆုံး တစ်နှစ်ရရှိ ထားပြီးသူသည် ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေ
အခန်း(၄)၊ ပုဒ်မ-၆၂ အရ သင့်လျော်သော ယာဉ်မောင်းလိုင်စင်တစ်ခုခုကို လျှောက်ယူနိုင်သည်။ "သ"ယာဉ်မောင်းလိုင်စင်ရယူရန်မလို။
တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းနှင့်အညီ အောက်ပါ ယာဉ်မောင်းလိုင်စင် အမျိုးအစားများကို လျှောက်ယူနိုင်သည်-
|
|
(၁) |
တပ်မတော်ယာဉ်မောင်းလိုင်စင် အနည်းဆုံးသက်တမ်း တစ်နှစ်ရှိသူသည် "ခ"ယာဉ် မောင်းလိုင်စင်ကို လျှောက်ယူနိုင်သည်။ |
|
(၂) |
တပ်မတော်ယာဉ်မောင်းလိုင်စင်အနည်းဆုံးသက်တမ်း သုံးနှစ်ရှိသူသည် တက္ကစီယာဉ် မောင်းနှင်ရန်မှအပ " ဃ"ယာဉ်မောင်းလိုင်စင်ကို
လျှောက်ယူနိုင်သည်။
|
|
(၃) |
တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး ငါးနှစ်ရှိ၍ စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ပြီးသူသည် "င"ယာဉ်မောင်းလိုင်စင်ကို
လျှောက်ယူနိုင်သည်။
|
|
(၄) |
တပ်မတော်ယာဉ်မောင်းလိုင်စင် သက်တမ်းတစ်နှစ်မပြည့်သူသည် ယာဉ်မောင်း လိုင်စင်ရယူလိုလျှင် "သ"ယာဉ်မောင်းလိုင်စင်ကို ရယူ
ရမည်။
|
| (ဇ) |
အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့သွားရောက်မည့် ပုဂ္ဂိုလ်များအတွက် ယာဉ်မောင်း လိုင်စင်ရယူရန် လိုအပ်ချက်များ - |
|
(၁) |
သက်တမ်းရှိ ပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူ။ |
|
(၂) |
သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ။ (လျှောက်ထားသူသည် နိုင်ငံခြားသို့ရောက်ရှိနေပါက နိုင်ငံကူးလက်မှတ်မိတ္တူဖြင့်
လျှောက်ထားနိုင်ပါသည်။)
|
|
(၃) |
လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ (၂) ပုံ။ |
|
(၄) |
အာဆီယံနိုင်ငံသွား ယာဉ်မောင်းလိုင်စင်အတွက် FEC (20)။
မှတ်ချက်။ လိုင်စင်သက်တမ်းမှာ ပြည်တွင်းလိုင်စင်သက်တမ်းအတိုင်း ဖြစ်သည်။ ပြည်တွင်းလိုင်စင်ပါ အချက်အလက်များကို
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပေးထား သော လိုင်စင်ဖြစ်ပါသည်။
|
| (စ်) |
နိုင်ငံခြားသားသည် နိုင်ငံခြားလိုင်စင်မပါရှိပါက မြန်မာနိုင်ငံလိုင်စင် လျှောက်ထားလိုလျှင် လိုအပ်ချက်များ -
Required Documents to apply Myanmar Driving License for the Foreigner who does not have driving license -
|
|
(၁) |
Passport မူရင်းနှင့် မိတ္တူ။
Passport (original and copy)
|
|
(၂) |
နိုင်ငံခြားသားသည် ယာဉ်ကိုကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး မြန်မာနိုင်ငံ၏ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းစွာနားလည်
ကြောင်း၊သက်ဆိုင်ရာ နိုင်ငံခြားသား၏ သက်ဆိုင်ရာသံရုံး (သို့မဟုတ်) ကုမ္ပဏီမှ ထောက်ခံချက်။ Embassy/Company's Recommendation on (He/She) can drive Motor vehicles skifully and understand Myanmar's
traffic rules of regulations.
|
|
(၃) |
နိုင်ငံခြားသားသည် ယာဉ်ကိုကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး မြန်မာနိုင်ငံ၏ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းစွာနားလည်
ကြောင်း နိုင်ငံခြားသားမှ ကိုယ်ပိုင်ဝန်ခံချက်။
His/Her own admission
|
|
(၄) |
ဓါတ်ပုံ (၃) ပုံ။ (3) photos |
|
(၅) |
FEC ( 40 ) နှင့် (၅၀) ကျပ်
40 FEC and 50 Kyats
|
| (ည) |
အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းခွင့်လက်မှတ် International Driving Permit ( IDP ) ရယူရန် လိုအပ်ချက်များ - |
|
(၁) |
သက်တမ်းရှိ ပြည်တွင်းယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္တူ။ |
|
(၂) |
သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (လျှောက်ထားသူသည် နိုင်ငံခြားသို့ ရောက်ရှိနေပါက နိုင်ငံကူးလက်မှတ်မိတ္တူဖြင့်
လျှောက်ထားနိုင်ပါသည်။)
|
|
(၃) |
လျှောက်ထားသူ၏ Passport အရွယ်ဓါတ်ပုံ (၂) ပုံ။ |
|
(၄) |
အပြည်ပြည်ဆိုင်ရာယာဉ်မောင်းခွင့်လက်မှတ်အတွက် ကျသင့်ငွေ FEC (20)။ |
| (ဋ) |
နိုင်ငံခြားလိုင်စင်မှ မြန်မာနိုင်ငံလိုင်စင်သို့ ကူးပြောင်းလိုလျှင် လိုအပ်ချက်များ -
Required Documents to exchange Myanmar Driving License from foreign Driving License -
|
|
(၁) |
နိုင်ငံခြားလိုင်စင်မူရင်းနှင့် မိတ္တူ။
His/Her Driving License (original and copy)
|
|
(၂) |
Passport မူရင်းနှင့် မိတ္တူ။
Passport (original and copy)
|
|
(၃) |
ဓါတ်ပုံ (၂) ပုံ။
(2) photos
|
|
(၄) |
နိုင်ငံခြားသား၏ သက်ဆိုင်ရာကုမ္ပဏီမှ လျှောက်လွှာ။
Application form of concerned company
|
|
(၅) |
FEC ( 50 ) နှင့် (၅၀) ကျပ်။
(50) FEC and 50 Kyats
|
| (ဌ) |
သံရုံးများမှ သံတမန်များနှင့် သံတမန်အခွင့်အရေးရသူများအတွက် မြန်မာနိုင်ငံ လိုင်စင် လျှောက်ထားလိုလျှင် လိုအပ်ချက်များ -
Required Documents to apply Myanmar Driving License for Diplomats and Diplomatic crops -
|
|
(၁) |
သက်ဆိုင်ရာသံရုံးမှ လျှောက်လွှာ။
An application and form of concerned embassy
|
|
(၂) |
သံတမန်ရေးရာဦးစီးဌာနမှ ထောက်ခံချက်။
Recommendation from Protocol Department
|
|
(၃) |
သံတမန် Passport မိတ္တူ။
Diplomat's passport (copy)
|
|
(၄) |
သံတမန်စိစစ်ရေးကဒ်မိတ္တူ။
Diplomatic ID Card (copy)
|
|
(၅) |
သက်ဆိုင်ရာနိုင်ငံမှ လိုင်စင်မိတ္တူ။
Driving License (copy)
|
|
(၆) |
ကျပ်ငွေ (၁၇၀ိ/-)။
170 kyats
|
 
၂။ ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် သက်တမ်းတိုးရန် အောက်ပါအချက်များ လိုအပ်ပါသည် -
| (က) |
ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် |
|
(၁) |
လျှောက်လွှာပုံစံ။ |
|
(၂) |
လိုင်စင်ဓါတ်ပုံ (၂) ပုံ။ |
|
(၃) |
ကိုယ်ပိုင်လိုင်စင်ကဒ်မူရင်း။ |
|
(၄) |
မှတ်ပုံတင်မိတ္တူ (၁) စောင်။ |
| (ခ) |
အငှားယာဉ်မောင်းလိုင်စင် |
|
(၁) |
လျှောက်လွှာပုံစံ |
|
(၂) |
လိုင်စင်ဓါတ်ပုံ (၂) ပုံ။ |
|
(၃) |
အငှားလိုင်စင်ကဒ်မူရင်း။ |
|
(၄) |
မှတ်ပုံတင်မိတ္တူ (၁) စောင်။ |
|
(၅) |
HIV, VDRL စစ်ဆေးချက် (၁) စောင်စီ (၆ နှစ်တစ်ကြိမ်နှုန်းဖြစ်ပါသည်။) |
| (ဂ) |
နိုင်ငံခြားသားမှ မြန်မာလိုင်စင် (ခ) သက်တမ်းတိုးရာတွင် လိုအပ်ချက်များ -
Required Documents for Renewal the Driving License -
|
|
(၁) |
လျှောက်လွှာပုံစံ (၁) စောင်။
Application form
|
|
(၂) |
သက်တမ်းရှိ Passport (မိတ္တူ (၁) စောင်)။
Valid passport (copy)
|
|
(၃) |
မြန်မာနိုင်ငံမှ ထုတ်ပေးသော ယာဉ်မောင်းလိုင်စင်ကဒ်မူရင်း။
Issued Driving License (original)
|
၃။ ယာဉ်မောင်းလိုင်စင် အမျိုးအစားနှင့် လိုင်စင်သက်တမ်း သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
|
|
လိုင်စင်အမျိုးအစား
|
သက်တမ်း
|
|
(က)
|
အမောင်းသင်လိုင်စင်
|
(၁) နှစ်
|
|
(ခ)
|
(က) လိုင်စင်
|
(၅) နှစ်
|
|
(ဂ)
|
(ခ) လိုင်စင်
|
(၅) နှစ်
|
|
(ဃ)
|
(ဂ) လိုင်စင်
|
(၃) နှစ်
|
|
(င)
|
(ဃ) လိုင်စင်
|
(၃) နှစ်
|
|
(စ)
|
(င) လိုင်စင်
|
(၃) နှစ်
|
| (ဆ) |
(ဌ) လိုင်စင်
|
(၅) နှစ်
|
|
(ဇ)
|
(စ) လိုင်စင်
|
(၅) နှစ်
|
|
(ဈ)
|
အပြည်ပြည်ဆိုင် ယာဉ်မောင်းနှင်ခွင့်လက်မှတ်
|
(၁) နှစ်
|
| (ည) |
အာဆီယံလိုင်စင် |
မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်သက်တမ်း
|
၂၀၁၃ ခုနှစ်၊ ဧပြီလအထိ ပြည်နယ်/တိုင်းအလိုက် မော်တော်ယာဉ်မောင်းလိုင်စင်စာရင်း
| စဉ် |
ပြည်နယ်/တိုင်းဒေသကြီး |
က လိုင်င်စင် |
က-၁ လိုင်စင် |
ခ လိုင်စင် |
ဂ လိုင်စင် |
ဃ လိုင်စင် |
င လိုင်စင် |
ဌ လိုင်စင် |
က မှ ဌ လိုင်စင်
စုစုပေါင်း
|
စ လိုင်စင် |
| ၁ |
ရုံးချုပ် |
- |
- |
၆၄၉၆ |
- |
- |
- |
- |
၆၄၉၆ |
- |
| ၂ |
နေပြည်တော် |
၁၁၀၆၂၃ |
၅၈၅ |
၂၆၀၀၂ |
၂ |
၂၈၉၆ |
၃၉၄၃ |
၁၉၂၃ |
၁၄၅၉၇၄ |
၅၀၈၂ |
| ၃ |
ရန်ကုန် |
၂၇၂၄၁ |
၂၀ |
၂၈၃၇၅၆ |
၅ |
၁၄၄၉၂၃ |
၉၆၇၇၈ |
၁၄၃၅ |
၅၅၄၁၅၈ |
၈၁၁၃၆ |
| ၄ |
မန္တလေး |
၃၈၃၇၂၉ |
၁၃၅၉ |
၁၈၄၃၀၆ |
၁ |
၃၂၀၇၇ |
၃၃၅၉၁ |
၃၃၇၁ |
၆၃၈၄၃၄ |
၂၃၆၁၁ |
| ၅ |
ပဲခူး(အရှေ့) |
၇၆၁၅၃ |
၂၉၃ |
၂၁၃၅၄ |
- |
၁၀၂၉ |
၆၇၁၄ |
၂၄၄၄ |
၁၀၇၉၈၇ |
၈၆၂၄ |
| ၆ |
ပဲခူး(အနောက်) |
၅၅၇၆၇ |
၁၂၀ |
၁၇၀၃၆ |
- |
၅၅၁ |
၆၂၂၂ |
၄၇၃ |
၈၀၁၆၉ |
၅၁၁၂ |
| ၇ |
စစ်ကိုင်း |
၁၅၆၀၈၉ |
၄၇၇ |
၄၉၂၇၉ |
၅ |
၁၁၃၉ |
၈၇၃၄ |
၁၃၄၂ |
၂၁၇၀၆၅ |
၉၈၀၁ |
| ၈ |
ရှမ်း(တောင်) |
၅၄၆၀၉ |
၄၅ |
၃၉၂၆၉ |
၁ |
၃၁၃၆ |
၉၄၁၄ |
၂၃၅၁ |
၁၀၈၈၂၅ |
၄၅၆၇ |
| ၉ |
ရှမ်း(အရှေ့) |
၄၉၀၇၉ |
၄၁ |
၁၄၈၈၅ |
- |
၁၆၂၁ |
၈၄၂ |
၂၆၈၂ |
၆၉၁၅၀ |
၈၁၂ |
| ၁၀ |
ရှမ်း(မြောက်) |
၄၈၄၆၄ |
၃၄၄ |
၃၇၂၂၆ |
၁ |
၃၂၅၁ |
၈၆၁၄ |
၃၂၄၉ |
၁၀၁၁၄၉ |
၇၂၅၄ |
| ၁၁ |
မွန် |
၇၄၃၀၆ |
၂၂၇ |
၂၇၄၁၅ |
- |
၁၄၂၇ |
၅၆၈၉ |
၃၂၂၁ |
၁၁၂၂၈၅ |
၄၉၄၀ |
| ၁၂ |
မကွေး |
၈၈၁၃၈ |
၁၅၂ |
၃၃၃၀၄ |
- |
၈၉၇ |
၇၉၅၂ |
၁၄၇၂ |
၁၃၁၉၁၅ |
၈၇၇၉ |
| ၁၃ |
တနင်္သာရီ |
၈၇၅၅၁ |
၂၁၇ |
၁၈၈၅၁ |
- |
၇၀၁ |
၂၄၀၅ |
၅၇၁ |
၁၁၀၂၉၆ |
၉၁၁ |
| ၁၄ |
ဧရာဝတီ |
၁၂၄၃၄၇ |
၄၂၉ |
၂၇၆၉၀ |
- |
၁၂၂၀ |
၄၄၆၉ |
၂၇၅၃ |
၁၆၀၉၀၈ |
၄၃၆၈ |
| ၁၅ |
ကချင် |
၄၁၁၉၂ |
၂၆၁ |
၃၆၁၃၂ |
- |
၉၁၀ |
၁၉၈၇ |
၂၇၀၂ |
၈၃၁၈၄ |
၇၆၉ |
| ၁၆ |
ကရင် |
၂၁၀၂၇ |
၁၅၃ |
၁၀၄၆၇ |
- |
၂၉၆ |
၁၅၉၄ |
၆၇၀ |
၃၄၂၀၇ |
၁၉၂၅ |
| ၁၇ |
ရခိုင် |
၁၉၂၂၄ |
၃၃ |
၄၉၁၅ |
- |
၁၃၅ |
၁၁၂၁ |
၆၃၆ |
၂၆၀၆၄ |
၄၉၄ |
| ၁၈ |
ချင်း |
၁၄၃၄၃ |
၁ |
၂၂၈၆ |
- |
၂၃ |
၂၇၂ |
၆ |
၁၆၉၃၁ |
၉၆ |
| ၁၉ |
ကယား |
၃၆၂၅၀ |
၁၀၅၆ |
၅၇၀၀ |
၂ |
၈၉ |
၁၅၆၂ |
၈၂၆ |
၄၅၄၈၅ |
၁၂၉၃ |
| စုစုပေါင်း |
၁၄၆၈၁၃၂ |
၅၈၁၃ |
၈၄၆၃၆၉ |
၁၇ |
၁၉၆၃၂၁ |
၂၀၁၉၀၃ |
၃၂၁၂၇ |
၂၇၅၀၆၈၂ |
၁၆၉၅၇၄ |
ပြည်နယ်/တိုင်းဒေသကြီးအလိုက် ယာဉ်တိုက်ခိုက်မှုအခြေပြဇယား(၂၀၁၃-၂၀၁၂ ခုနှစ်၏ဧပြီလ နှိုင်းယှဉ်ချက်ဇယား)
|
စဉ်
|
ပြည်နယ်/တိုင်းဒေသကြီး
|
၂၀၁၃ ခုနှစ်၊ ( ဇန်န၀ါရီလမှ ဧပြီလအထိ )
|
၂၀၁၂ ခုနှစ်၊ ( ဇန်န၀ါရီလမှ ဧပြီလအထိ )
|
|
ယာဉ်တိုက်ခိုက်မှု
|
ဒဏ်ရာရမှု
|
သေဆုံးမှု
|
ယာဉ်တိုက်ခိုက်မှု
|
ဒဏ်ရာရမှု
|
သေဆုံးမှု
|
|
၁။
|
နေပြည်တော်
|
၁၄၉
|
၂၃၈
|
၉၀
|
၁၄၁
|
၃၄၇
|
၆၂
|
|
၂။
|
ရန်ကုန်တိုင်းဒေသကြီး
|
၇၅၂
|
၁၂၂၆
|
၁၂၂
|
၅၄၇
|
၈၄၄
|
၁၁၆
|
|
၃။
|
မန္တလေးတိုင်းဒေသကြီး
|
၃၉၂
|
၆၀၇
|
၁၄၃
|
၅၄၂
|
၁၁၃၀
|
၁၇၀
|
|
၎။
|
ပဲခူးတိုင်းဒေသကြီး
|
၃၃၇
|
၅၈၂
|
၁၀၅
|
၄၆၆
|
၈၇၄
|
၉၃
|
|
၅။
|
စစ်ကိုင်းတိုင်းဒေသကြီး
|
၁၉၃
|
၃၄၂
|
၅၃
|
၁၇၄
|
၂၆၇
|
၇၂
|
|
၆။
|
ရှမ်းပြည်နယ် (တောင်ပိုင်း)
|
၁၅၆ |
၃၉၂ |
၅၂ |
၁၃၁ |
၂၁၅ |
၄၆ |
|
၇။
|
ရှမ်းပြည်နယ် (မြောက်ပိုင်း)
|
၈၂ |
၁၇၈ |
၃၀ |
၁၀၀ |
၁၃၉ |
၃၂ |
|
၈။
|
ရှမ်းပြည်နယ် (အရှေ့ပိုင်း)
|
၆၈ |
၁၄၉ |
၂၄ |
၆၅ |
၉၈ |
၂၅ |
|
၉။
|
|
၂၂၂ |
၃၇၅ |
၉၃ |
၁၆၇ |
၂၅၂ |
၇၆ |
|
၁၀။
|
မကွေးတိုင်းဒေသကြီး
|
၃၂၇ |
၇၂၉ |
၉၄ |
၂၇၁ |
၆၁၉ |
၇၃ |
|
၁၁။
|
တနင်္သာရီတိုင်းဒေသကြီး
|
၁၂၈ |
၂၂၈ |
၃၁ |
၉၂ |
၁၇၀ |
၂၇ |
|
၁၂။
|
ဧရာဝတီတိုင်းဒေသကြီး
|
၃၈၀ |
၇၅၆ |
၉၉ |
၃၀၁ |
၅၁၇ |
၇၀ |
|
၁၃။
|
ကချင်ပြည်နယ်
|
၁၁၄ |
၂၄၅ |
၄၅ |
၁၄၉ |
၁၉၀ |
၅၉ |
|
၁၄။
|
ကရင်ပြည်နယ်
|
၁၂၅ |
၂၇၈ |
၂၈ |
၉၁ |
၁၉၂ |
၃၁ |
|
၁၅။
|
ရခိုင်ပြည်နယ်
|
၉၁ |
၁၇၅ |
၃၁ |
၁၀၅ |
၁၅၂ |
၁၉ |
|
၁၆။
|
ကယားပြည်နယ်
|
၄၀ |
၈၃ |
၆ |
၂၁ |
၂၄ |
၉ |
|
၁၇။
|
ချင်းပြည်နယ်
|
၂၄ |
၃၆ |
၁၂ |
၂၃ |
၇၉ |
၆ |
|
စုစုပေါင်း
|
၃၈၁၅ |
၇၀၃၃ |
၁၁၁၇ |
၃၄၂၂ |
၆၁၁၃ |
၁၀၅၂ |
လမ်းညွှန်းလမ်းအမှတ်အသားများမှာအောက်အတိုင်းဖြစ်ပါသည်-
ယာဉ်မောင်းသူများလိုက်နာရန်အချက်များ
၁။ ယာဉ်မောင်းသူများလိုက်နာရန်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
| (က) |
"က"ယာဉ်မောင်းလိုင်စင်ရရှိထားသူသည် မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်ခွင့်ရှိသည်။
|
| (ခ) |
"ခ"ယာဉ်မောင်းလိုင်စင်ရရှိထားသူသည် "က"ယာဉ်မောင်းလိုင်စင်နှင့် "ဂ"ယာဉ်မောင်း လိုင်စင် အသီးသီးနှင့်သက်ဆိုင်သောယာဉ်များကိုပါ မောင်းနှင့်ခွင့်ရှိသည်။ ကိုယ်ပိုင် ၀န်ပေါ့မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်တို့ကိုပါ မောင်းနှင်ခွင့်ပြုသည့် လိုင်စင်ဖြစ်ပါသည်။
|
| (ဂ) |
"ဂ"ယာဉ်မောင်းလိုင်စင်သည် ဤနည်းဥပဒေများ အခန်း(၂)အရ မှတ်ပုံတင်ထားသော အခြား စက်တပ်ယာဉ်များကို မောင်းနှင်ခွင့်ပြုသည့် လိုင်စင်ဖြစ်ပါသည်။
|
| (ဃ) |
"ဃ"ယာဉ်မောင်းလိုင်စင်သည် ကိုယ်ပိုင်ဝန်လေး မော်တော်ယာဉ်နှင့်ကိုယ်ပိုင်ဘတ်စ် ကားကြီးတို့အပြင် တက္ကစီယာဉ်မောင်းနှင် ခွင့်ပြုသည့် လိုင်စင်ဖြစ်သည်။ နိဗ္ဗာန်ယာဉ် မောင်းနှင်ရန်အတွက်ပါ အကျုံးဝင်သည်၊
"က" "ခ" "ဂ"ယာဉ်မောင်းလိုင်စင် အသီးသီးနှင့်သက်ဆိုင်သော ယာဉ်များကိုပါ မောင်းနှင်ခွင့်ရှိသည်။
|
| (င) |
"င"ယာဉ်မောင်းလိုင်စင်သည် မှတ်ပုံထားသည့် မည်သည့်မော်တော်ယာဉ်မျိုးကိုမဆို မောင်းနှင်ခွင့်ရှိသည့်အပြင် လက်မှတ်ရောင်း (သို့မဟုတ်) စပယ်ယာတာဝန်ကိုလည်း ထမ်းဆောင်နိုင်သည်။
|
| (စ) |
"စ"လိုင်စင်သည် လက်မှတ်ရောင်း (သို့မဟုတ်) စပယ်ယာတာဝန် ထမ်းဆောင်နိုင်ရန် ထုတ်ပေးသည့်လိုင်စင်ဖြစ်ပါသည်။
|
| (ဆ) |
"သ"ယာဉ်မောင်းလိုင်စင်သည် မော်တော်ယာဉ် အမောင်းသင်ရန်အတွက် ထုတ်ပေးသော လိုင်စင်ဖြစ်ပါသည်။
|
|
(ဇ)
|
မော်တော်ယာဉ်အမောင်းသင်နေသူ၏နံဘေးတွင် အနည်းဆုံးသက်တမ်း (၂)နှစ်ပြည့်ပြီးသော ယာဉ်မောင်းလိုင်စင် ရရှိသူတစ်ဦး ပါရှိရမည်။ ထိုသူသည် ယာဉ်မောင်းသင်နေသူ အား ကွပ်ကဲကြပ်မတ် ပေးနိုင်သူဖြစ် ရမည်။ အမောင်းသင် ယာဉ်ပေါ်တွင် လူပိုများမတင်ဆောင်ရပါ။ |
|
(စ်)
|
မိမိလိုင်စင်ကို အခြားသူအား အသုံးပြုရန် လွှဲပြောင်းမပေးရပါ။ |
|
(ည)
|
ယာဉ်မောင်းသူ၊ ယာဉ်နောက်လိုက်တို့သည် မိမိလိုင်စင်ကို ယာဉ်မောင်း၊ ယာဉ်နောက် လိုက်စဉ် အမြဲဆောင်ထားရမည်။ |
ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းတွင်လိုအပ်သောအချက်အလက်များ
၂။ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ခြင်း လုပ်ငန်းအမျိုးအစားများ -
| (က) |
ပြည်ပတင်သွင်းယာဉ် |
| (ခ) |
စက်မှု(၂)မှ ထုတ်လုပ်ယာဉ် |
| (ဂ) |
ပြည်တွင်းပြခန်းမှ ရောင်းချယာဉ် |
| (ဃ) |
နိုင်ငံတော်မှ ခွဲဝေယာဉ် |
| (င) |
စက်မှုဇုန်ထုတ်ယာဉ် |
| (စ) |
သံတမန်နှင့် သံရုံးပိုင်ယာဉ် |
| (ဆ) |
ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ် |
| (ဇ) |
ထရော်လာဂျီယာဉ် |
| (ဈ) |
စက်ယန္တရား |
|
(၁) |
ပြည်ပတင်သွင်းယာဉ် |
|
|
(ကက) |
Import Permit
|
|
|
( ခ ခ ) |
Import Declaration
|
|
|
( ဂ ဂ) |
Custom Statement |
|
(၂) |
စက်မှု(၂)မှ ထုတ်လုပ်ယာဉ် |
|
|
(ကက) |
Inspection Certificate
|
|
|
( ခ ခ) |
ကုန်ရောင်းပြေစာ။ |
|
(၃) |
ပြည်တွင်းပြခန်းမှ ရောင်းချယာဉ် |
|
|
(ကက) |
Inspection Certificate |
|
|
( ခ ခ) |
Sale Invoice |
|
|
( ဂ ဂ) |
Delivery Order |
|
(၄) |
နိုင်ငံတော်မှ ခွဲဝေယာဉ် |
|
|
(ကက) |
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ခွဲဝေချထား စာ/ယာဉ်စာရင်း၊ |
|
|
( ခ ခ) |
ယာဉ်လက်ခံ / ထုတ်ပေးပြေစာ၊ |
|
|
( ဂ ဂ) |
Inspection Report။
|
|
(၅) |
စက်မှုဇုန်ထုတ်ယာဉ် |
|
|
(ကက) |
Inspection Certificate၊
|
|
|
( ခ ခ) |
ယာယီမှတ်ပုံတင်လက်မှတ်၊ |
|
|
( ဂ ဂ) |
အရောင်းအ၀ယ်စာချုပ်။ |
|
(၆) |
သံတမန်နှင့် သံရုံးပိုင်ယာဉ်
Vehicles owned by Diplomats and embassy
|
|
|
(ကက) |
သံတမန်ရေးရာဦးစီးဌာနမှစာ၊ Letter from Protocol Department |
|
|
( ခ ခ) |
သံရုံးလျှောက်လွှာ။ |
|
|
မှတ်ချက်။ ယာဉ်စစ်ပြီးမှ Custom Statement နှင့် သွင်းကုန်ကြေငြာလွှာ ပေးပို့ရမည်။ |
|
(၇) |
ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ်
Vehicels owned by United Nations Association
|
|
|
(ကက) |
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှစာ၊ Letter from Foreign Economic Relations Department |
|
|
( ခ ခ) |
Custom Statement၊
|
|
|
( ဂ ဂ) |
သွင်းကုန်ကြေငြာလွှာ၊ |
|
|
(ဃဃ) |
အဖွဲ့အစည်းလျှောက်လွှာ။ |
|
(၈) |
ထရော်လာဂျီယာဉ် |
|
|
(ကက) |
ပြည်တွင်းထုတ် |
|
|
|
(၁၁) |
Inspection Certificate၊
|
|
|
|
(၂၂) |
ပြည်တွင်းကုမ္ပဏီအရောင်းပြေစာ။ |
|
|
( ခ ခ) |
ပြည်ပထုတ် |
|
|
|
(၁၁) |
အကောက်ခွန်ပြေစာ။ |
|
(၉) |
စက်ယန္တရားများ |
|
|
|
(ကက) |
သွင်းကုန်ပါမစ်(သွင်းကုန်ပါမစ်တွင် ဖော်ပြထားသည့် အမည်ဖြင့်မှတ်ပုံတင်ရန်) |
လေလံယာဉ်မှတ်ပုံတင်ခြင်း
 
၃။ လေလံယာဉ် အမျိုးအစားများ -
| (က) |
တပ်မတော်လေလံယာဉ်များ။ |
| (ခ) |
ဌာနဆိုင်ရာလေလံယာဉ်များ။ |
| (ဂ) |
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ လေလံယာဉ်များ။ |
| (ဃ) |
နိုင်ငံပိုင်သိမ်းဆည်း လေလံယာဉ်များ။ |
|
|
|
| (က) |
တပ်မတော် လေလံယာဉ် |
|
(၁) |
ငွေသွင်းပြေစာ။ |
|
(၂) |
ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူကြောင်းထောက်ခံချက်။ |
|
(၃) |
မော်တော်ယာဉ်ထုတ်ပေးပြေစာ။ |
|
(၄) |
တပ်မှူး (သို့မဟုတ်) ဒု-တပ်မှူး လက်မှတ်ပါရှိသည့် ထောက်ခံချက်။ |
|
(၅) |
လျှောက်ထားသူ၏ မှတ်ပုံတင်။ |
|
(၆) |
လျှောက်ထားသူ၏ နေရပ်လိပ်စာ။ |
|
|
|
| (ခ) |
ဌာနဆိုင်ရာ လေလံယာဉ် |
|
(၁) |
ငွေသွင်းပြေစာ။ |
|
(၂) |
လေလံအောင်မြင်ကြောင်း ထောက်ခံချက်။ |
|
(၃) |
လေလံယာဉ်စာရင်း။ |
|
(၄) |
ကမ-၃ စာအုပ် (ရှိလျှင်)။ |
|
(၅) |
လျှောက်ထားသူ၏ မှတ်ပုံတင်။ |
|
(၆) |
လျှောက်ထားသူ၏ နေရပ်လိပ်စာ။ |
|
|
|
|
(ဂ)
|
ဗဟိုစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ လေလံယာဉ် |
|
(၁) |
ငွေသွင်းပြေစာ။ |
|
(၂) |
လေလံအောင်မြင်ကြောင်း ထောက်ခံချက်။ |
|
(၃) |
လေလံယာဉ်စာရင်း။ |
|
(၄) |
လျှောက်ထားသူ၏ မှတ်ပုံတင်။ |
|
(၅) |
လျှောက်ထားသူ၏ နေရပ်လိပ်စာ။ |
|
|
|
| (ဃ) |
နိုင်ငံပိုင်သိမ်းဆည်း လေလံယာဉ် |
|
(၁) |
ငွေသွင်းပြေစာ။ |
|
(၂) |
လေလံအောင်မြင်ကြောင်း ထောက်ခံချက်။ |
|
(၃) |
လေလံယာဉ်စာရင်း။ |
|
(၄) |
လျှောက်ထားသူ၏ မှတ်ပုံတင်။ |
|
(၅) |
လျှောက်ထားသူ၏ နေရပ်လိပ်စာ။ |
၎။ လေလံယာဉ် မှတ်ပုံတင် ကန့်သတ်ချက်များ -
| (က) |
လူစီးယာဉ်၊ေ မာ်ေ တ်ာဆိုင်ကယ်များ စက်၊ေ ဘာင်ေ ပြာင်းခွင့်မပြု။ |
| (ခ) |
ေ လလံယာဉ်များ၊ အမျိုးအမည်၊ အမျိုးအစား၊ တင်အား၊ အတိုင်းအတာပြောင်းလဲခြင်းခွင့်မပြု။ |
| (ဂ) |
လေလံဝယ်သည့်ရက်မှ (၂)နှစ်အတွင်း မှတ်ပုံတင်ရမည်။ (လေလံပစ်ရက်မှ ယာဉ်စစ်ခ သွင်းရက်အထိ) |
| (ဃ) |
929 လေလံ(၁၀၅)စီး မူလစက်မပြောင်းရ၊ ဆေးရောင်အနက်မသုံးရ။ (TC- ၁၃/၀၇ ဆုံးဖြတ်ချက်) |
| (င) |
နှစ်(၂၀)ကျော်ယာဉ် ရန်ကုန်စည်ပင်ပြင်ပတွင် မှတ်ပုံတင်ခွင့်ပြုသည်။ |
| (စ) |
ဌာနဆိုင်ရာသက်တမ်း ၅နှစ်မကျော်သည့် ယာဉ်များသာ မှတ်ပုံတင်ပေးသည်။ |
၅။ လေလံပစ်သည့်ဌာန ဆောင်ရွက်ရန်အချက်များ -
| (က) |
လေလံပစ်ဌာနများ က.ည.န သို့ ကိုယ်စားလှယ်အမည် တောင်းရမည်။ |
| (ခ) |
လေလံယာဉ်စာရင်းအား မရောင်းချမီရက် (၃၀) ကြိုတင်ပို့ရမည်။ |
| (ဂ) |
လေလံကြိုစစ်ဆေးရမည့်နေရာများကို အကြောင်းကြားပေးရမည်။ |
| (ဃ) |
လေလံပစ်သည့်ရက်၊ အချိန်၊ နေရာများကို ကြိုတင် အကြောင်းကြားရမည်။ |
| (င) |
လေလံထောက်ခံချက်အား ကြိုတင် ပေးပို့ထားရမည်။ |
၆။ လေလံယာဉ်ကြိုစစ်နှင့် ကိုယ်စားလှယ်များ၏ တာဝန် -
| (က) |
လေလံယာဉ်ကြိုစစ်ရာတွင် မျက်မြင်အခြေအနေကို ယာဉ်စစ်ချက်၊ စက်၊ ဘောင်ခဲခြစ်၊ ယာဉ်ဓါတ်ပုံ ရယူရမည်။ |
| (ခ) |
အမျိုးအမည်၊ ရုပ်သတ်မှတ်၍မရလျှင် မှတ်ပုံတင်ခွင့်မပြုကြောင်း အသိပေးရမည်။ |
| (ဂ) |
လေလံယာဉ်ကြိုစစ်ရာတွင် သံဘောင်၌ R/- ရိုက်နှိပ် မှတ်တမ်းယူထားရမည်။ |
| (ဃ) |
လေလံထောက်ခံချက်တွင် စိစစ်၍ လက်မှတ်ရေးထိုးရမည်။ |
| (င) |
ကြမ်းခင်းဈေး၊ အမြင်းဆုံးဈေး၊ ၀ယ်ယူသူအမည်များကို မှတ်သားရမည်။ |
| (စ) |
ချိတ်ပိတ်တင်ဒါတွင် တင်ဒါဖွင့်ဖေါက်ရာတွင် ပါဝင်ရမည်။ |
၇။ လေလံဆွဲဝယ်ယူသူများ သိသင့်သိထိုက်သော အချက်များ -
| (က) |
လေလံယာဉ်များအား လေလံပစ်သည့်ရက်မှ (၂)နှစ်အတွင်း ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားရပါမည်။ (လေလံပစ်ရက်မှ ယာဉ်စစ်ခငွေသွင်းရက်အထိသာ သတ်မှတ်ပါသည်) |
| (ခ) |
လေလံယာဉ်၏ အမျိုးအမည်၊ ရုပ်နှင့်ခုနှစ်ပုံစံပြောင်းလဲခြင်းကို ခွင့်မပြုပါ။ |
| (ဂ) |
ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ပစ်ကပ်ယာဉ်များ၊ မော်တော်ဆိုင်ကယ်ယာဉ်များ ဘောင်ပြောင်းလဲခြင်းကို ခွင့်မပြုပါ။ |
| (ဃ) |
ထရော်လာဂျီနှင့် လယ်ယာသုံးထရပ်ယာဉ်များ အလျား၁၈ပေ၊ အင်ဂျင်ပါဝါ ၁၅၀၀ CC သာ ခွင့်ပြုပါသည်။ |
| (င) |
လေလံယာဉ်များအားလုံး ဆေးရောင်စစ်စိမ်းရောင်နှင့် ၉၂၉ ဆလွန်းလေလံယာဉ်များ စစ်စိမ်းရောင်အပြင် ဆေးရောင်အနက်ပါ သုံးစွဲခွင့်မပြုပါ။ ၉၂၉ လေလံယာဉ်များသည် မူလစက်ပြောင်းလဲခြင်းမပြုရပါ။ |
| (စ) |
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဌာနဆိုင်ရာ လေလံယာဉ်ဖြစ်ပါက မှတ်ပုံတင်သက်တမ်းပြတ်ကာလ(၅)နှစ် မကျော်လွန်သည့်ယာဉ်များကိုသာပြန်လည်မှတ်ပုံတင်ခွင့်ပြုပါသဖြင့်လေလံယာဉ်ဝယ်ယူသူများအနေဖြင့် မှတ်ပုံတင်သက်တမ်း(၅)နှစ်ကျော်လွန်၊ မလွန် စိစစ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ |
| (ဆ) |
မှတ်ပုံတင်သက်တမ်း(၅)နှစ်ကျော်လွန်နေသည့်ယာဉ်များ၊ ရုပ်၊ ဦးခေါင်းပိုင်း မပါရှိ သောယာဉ်များကို မော်တော်ယာဉ်အဖြစ် မှတ်ပုံတင်ခွင့်မပြုပါ။ |
| (ဇ) |
လေလံယာဉ်အား အသင့်မောင်းနှင်နိုင်သောအခြေအနေရှိမှသာ ပြန်လည်မှတ်ပုံတင်ခွင့်ကို ဤဦးစီးဌာန(ရုံးချုပ်)တွင် လျှောက်ထားရပါမည်။ |
| (စ်) |
လေလံယာဉ်ယာယီမှတ်ပုံတင်ခွင်ြ့ပုလက်မှတ်အား ယာယီမှတ်ပုံတင်ခ ၅၀၀ိ/- ပေးသွင်းပြီး၊ ယာယီမှတ်ပုံတင်အမှတ်ထုတ်ပေးပါသည်။ ယာယီမှတ်ပုံတင်ခွင့်ပြု လက်မှတ်သက်တမ်းမှာ ရက်ပေါင်း(၉၀)ဖြစ်ပြီး ကျော်လွန်ပါက ပျက်ပြယ်ပါသည်။ |
| (ည) |
ယာဉ်နှင့်အတူ ယာဉ်နံပါတ်ပြား ၂ ချပ်ပါရှိရမည်။ နံပါတ်ပြားတွင် စာလုံးအနီရောင်၊ အောက်ခံအဖြူရောင်နှင့် ကုန်ဆုံးရက်ကို မိမိအစီအစဉ်ဖြင့် ဖော်ပြရေးသားရမည်။ |
| (ဋ) |
လေလံယာဉ်အား ယာဉ်စစ်ခွင့်ပြုသည့်ရက်မှ ရက်ပေါင်း(၃၀)အတွင်း ယာဉ်စစ်ဆေးရမည်။ |
| (ဌ) |
လေလံယာဉ်များအား ရုံးချုပ်၊ ပြည်နယ်၊ တိုင်းရုံးများတွင်သာ ယာဉ်စစ်ခွင့်ပြုပါသည်။ ခရိုင်ရုံးများတွင် ယာဉ်စစ်ဆေးခွင့်မပြုပါ။ |
| (ဍ) |
ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသောယာဉ်များအား ထုတ်လုပ်သည့်ခုနှစ်၊ ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားသောယာဉ်များ မှတ်ပုံတင်သည့်အချိန်မှ နှစ်(၂၀) ကျော်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ပြင်ပလိပ်စာဖြင့်သာ ပြန်လည် မှတ်ပုံတင်ခွင့်ပြုပါသည်။ |
| (ဎ) |
ဌာနဆိုင်ရာလေလံယာဉ်များ ပြန်လည်မှတ်ပုံတင်ရာတွင် အောက်ပါအတိုင်း မှတ်ပုံတင်အမှတ် သတ်မှတ်ေ ပးပါသည်-
|
|
|
စဉ် |
ထုတ်လုပ်သည့်ခုနှစ် |
သတ်မှတ်အက္ခရာ |
|
|
|
|
ယာဉ် |
ဆိုင်ကယ် |
|
|
(က) |
၁၉၈၅ ခုနှစ်ထိ |
၆က(ကွက်လပ်) |
၁ယ(ကွက်လပ်) |
|
|
( ခ) |
၁၉၈၅ အထက်မှ ၁၉၉၀ ခုနှစ်အထိ |
၉ခ(ကွက်လပ်) |
၅ယ(ကွက်လပ်) |
|
|
( ဂ) |
၁၉၉၀ အထက်မှ ၁၉၉၅ ခုနှစ်အထိ |
၁ဂ(ကွက်လပ်) |
၁၀ယ(ကွက်လပ်) |
|
|
(ဃ) |
၁၉၉၅ အထက် |
၂ဂ(ကွက်လပ်) |
၁၅ယ(ကွက်လပ်) |
| (ဏ) |
နိုင်ငံပိုင်သိမ်းဆည်းမော်တော်ယာဉ်များ ရောက်ရှိ အက္ခရာသတ်မှတ်ပေးပါသည်။ |
| (တ) |
နိုင်ငံပိုင်သိမ်းဆည်းထားသော ပစ္စည်းများ၊ စီမံခန့်ခွဲမှု ကော်မတီမှ လေလံတင် ရောင်းချသည့်ယာဉ်များအား လေလံပစ်သည့်ကာလတွင် ရောက်ရှိ နေသည့်အက္ခရာ သတ်မှတ်ပေးပါသည်။ |
မော်တော်ယာဉ်သက်တမ်းသတ်မှတ်ချက်
၈။ မော်တော်ယာဉ်များကို အောက်ပါအမျိုးအစားလိုက်သက်တမ်းသတ်မှတ်သည်-
|
စဉ်
|
ယာဉ်အမျိုးအစား
|
သက်တမ်းကာလ
|
မှတ်ချက် |
| ကနဦး |
နှစ်လဲ |
| ၁ |
လူစီးမော်တော်ယာဉ်
|
၁ နှစ်
|
၁ နှစ်
|
|
| ၂ |
လူစီးမော်တော်ယာဉ် (Brand New ဖြစ်ပါက ရောက်ရှိသည့်ခုနှစ်မှ ၃နှစ်အတွင်းယာဉ်) |
၃ နှစ်
|
၁ နှစ်
|
အငှားယာဉ်နှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များမပါ |
| ၃ |
ကျန်မော်တော်ယာဉ်များ |
၁ နှစ်
|
၁ နှစ်
|
|
| ၄ |
မော်တော်ဆိုင်ကယ်
|
၂ နှစ်
|
၂ နှစ် |
|
| ၅ |
လျှပ်စစ်ဆိုင်ကယ်
|
၎ နှစ်
|
၎ နှစ် |
|
| ၆ |
သုံးဘီးဆိုင်ကယ်/လျှပ်စစ်သုံးဘီးဆိုင်ကယ်
|
၂ နှစ်
|
၂ နှစ်
|
|
| ၇ |
နောက်တွဲယာဉ် |
၁ နှစ်
|
၁ နှစ်
|
|
| ၈ |
စက်ယန္တရား |
၁ နှစ်
|
၁ နှစ်
|
|
၉။ နောက်ဆုံးရောက်ရှိအက္ခရာနှင့်နံပါတ်များ (၂၀၁၃ ခုနှစ်၊ မေလအထိ )
|
စဉ်
|
အကြောင်းအရာ
|
သက်တမ်း
|
|
(က)
|
မော်တော်ယာဉ်
|
၃စ/၂၈၄၄
|
|
(ခ)
|
မော်တော်ယာဉ်(ဇုန်)
|
၈ဏ/၇၅၃၃
|
|
(ဂ)
|
ဆိုင်ကယ်
|
၃၄ယ/
|
|
(ဃ)
|
ထရော်လာဂျီ
|
၉ဌ/၂၈၆၁၀
|
| (စ) |
သုံးဘီးဆိုင်ကယ် |
၎ဟ/၉၈၄၉
|
|
(ဆ)
|
တက္ကစီယာဉ်
|
BB/8086
|
၂၀၁၃ ခုနှစ်၊ ဧပြီလအထိ ပြည်နယ်/တိုင်း အလိုက် မော်တော်ယာဉ်အမျိုးအစားစာရင်း
( စီးရေ )
|
စဉ်
|
ပြည်နယ်/တိုင်း
|
လူစီး
|
ကုန်တင် (၀န် ပေါ့)
|
ကုန်တင် (၀န် လေး)
|
ခရီးသည် တင်
|
အခြား
|
နှစ်ဘီး တပ်
|
သုံးဘီး တပ်
|
ထရော်လာဂျီ
|
စက်ယန္တရား |
ပေါင်း
|
|
၁။
|
ရုံးချုပ်
|
၉၀၇
|
၁၇
|
၂
|
၉
|
၁
|
၄၁
|
-
|
-
|
- |
၉၇၇
|
|
၂။
|
နေပြည်တော်
|
၈၃၆၂
|
၅၆၈
|
၁၂၅၄
|
၈၈၇
|
၆၉၄
|
၃၄၁၉၆
|
၂၅၅
|
၇၀၁
|
၁၁၂
|
၄၇၀၂၉
|
|
၃
|
ရန်ကုန်တိုင်း
|
၂၁၆၀၇၄
|
၁၈၂၅၄
|
၁၃၄၀၀
|
၁၁၄၇၆
|
၁၅၀၁၉
|
၁၁၆၄၂၈
|
၆၀၉
|
၁၅၆၁
|
၂၆၂ |
၃၉၃၀၈၃
|
|
၎။
|
မန္တလေးတိုင်း
|
၅၀၀၇၂
|
၄၈၃၂
|
၁၀၈၅၂
|
၂၂၅၀
|
၁၁၃၄
|
၉၂၃၉၈၃
|
၁၃၆၈၀
|
၇၈၁၄
|
၁၀၈ |
၁၀၁၄၇၂၉
|
|
၅။
|
ပဲခူးတိုင်း (အရှေ့ပိုင်း)
|
၂၃၈၉
|
၃၇၈
|
၁၆၀၆
|
၃၈၄
|
၅၉၇
|
၁၄၁၄၈၈
|
၁၀၅၅
|
၈၁၁
|
၆၂
|
၁၄၈၇၇၀
|
|
၆။
|
ပဲခူးတိုင်း (အနောက်ပိုင်း)
|
၁၄၄၀
|
၅၇၁
|
၁၅၁၄
|
၁၂၈
|
၁၃၃
|
၁၂၇၇၇၅
|
၂၉၀
|
၃၈၁
|
၁၈ |
၁၃၂၂၅၀
|
|
၇။
|
စစ်ကိုင်းတိုင်း
|
၆၀၄၇
|
၂၁၉၈
|
၃၆၇၇
|
၁၃၆၉
|
၂၈၁
|
၃၉၁၂၇၄
|
၃၂၇၅
|
၉၃၈
|
၁၁၂
|
၄၀၉၁၇၁
|
|
၈။
|
ရှမ်းပြည်နယ် (တောင်ပိုင်း)
|
၆၀၄၄
|
၇၈၇
|
၁၄၈၅
|
၃၈၂
|
၂၄၃
|
၁၉၄၆၆၅
|
၅၀၄
|
၃၂၃၃
|
၁၆
|
၂၀၇၃၅၉
|
|
၉။
|
ရှမ်းပြည်နယ် (မြောက်ပိုင်း)
|
၆၄၃၄
|
၃၇၄
|
၂၄၂၅
|
၃၃၈
|
၁၉၅
|
၁၄၅၄၃၆
|
၁၉၄၁
|
၃၈၈၂
|
၂၃
|
၁၆၁၀၄၈
|
|
၁၀။
|
ရှမ်းပြည်နယ် (အရှေ့ပိုင်း)
|
၂၁၈၈
|
၂၁၄
|
၂၇၄
|
၁၃၇
|
၄၅
|
၉၈၆၁၇
|
၄၇၇၀
|
၃၅၃၃
|
၈ |
၁၀၉၇၈၆
|
|
၁၁။
|
မွန်ပြည်နယ်
|
၂၅၅၄
|
၂၉၆
|
၈၅၉
|
၂၇၈
|
၈၂
|
၁၈၇၅၀၃
|
၂၉၅၀
|
၁၄၆၇
|
၁၁
|
၁၉၆၂၀၀
|
|
၁၂။
|
မကွေးတိုင်း
|
၃၆၆၀
|
၁၁၀၃
|
၃၀၅၆
|
၆၃၈
|
၂၀၄
|
၂၉၁၅၉၉
|
၂၀၇၆
|
၉၈၄
|
၁၀ |
၃၀၃၃၀
|
|
၁၃။
|
တနင်္သာရီတိုင်း
|
၁၆၂၈
|
၅၇၀
|
၄၃၁
|
၃၁၁
|
၈၉
|
၁၂၃၄၁၆
|
၁၆၂၆
|
၁၂၃၇
|
၂၂
|
၁၂၉၃၃၀
|
|
၁၄။
|
ဧရာဝတီတိုင်း
|
၁၂၈၅
|
၅၃၃
|
၁၀၈၂
|
၈၁၄
|
၂၄၉
|
၂၀၅၂၀၉
|
၉၅၇
|
၃၅၄၄
|
၁
|
၂၁၃၆၇၄
|
|
၁၅။
|
ကချင်ပြည်နယ်
|
၂၃၀၄
|
၂၇၀၆
|
၁၄၇၀
|
၁၀၅
|
၂၃
|
၁၀၅၅၉၂
|
၃၇၆၉
|
၂၅၉၀
|
၁၂
|
၁၁၆၁၄၁
|
|
၁၆။
|
ကရင်ပြည်နယ်
|
၉၈၂
|
၂၀၉
|
၄၂၀
|
၉၅
|
၂၅
|
၇၂၅၈၉
|
၃၈၅
|
၁၁၀၀
|
၆၀
|
၇၅၈၆၅
|
|
၁၇။
|
ရခိုင်ပြည်နယ်
|
၅၅၈
|
၂၆၀
|
၂၅၀
|
၁၄၃
|
၃၀
|
၂၆၁၃၂
|
၇၁၉
|
၃၀၆
|
- |
၂၈၃၉၈
|
|
၁၈။
|
ကယားပြည်နယ်
|
၁၇၃
|
၂၂
|
၇၃
|
၃၂
|
၅
|
၁၀၆၂၉
|
၅
|
၁၇
|
-
|
၁၀၉၅၆
|
|
၁၉။
|
ချင်းပြည်နယ်
|
၄၈၁
|
၁၀၁
|
၃၃၀
|
၉၃
|
၂၁
|
၄၀၀၁၄
|
၃၉၄
|
၂၅၄
|
၂၇
|
၄၁၇၁၅
|
|
စုစုပေါင်း
|
၃၁၃၅၈၂
|
၃၁၇၆၃ |
၄၄၄၆၀
|
၁၉၈၆၉
|
၁၉၀၇၀
|
|
၃၉၂၆၀
|
၃၄၃၅၃
|
၈၆၄ |
၃၇၃၉၈၀၇
|
ယာဉ်ပိုင်ရှင်များလိုက်နာရန်အချက်များ
 
၁။ ယာဉ်ပိုင်ရှင်များလိုက်နာရန်အချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
| (က) |
မှတ်ပုံတင်ရန်သတ်မှတ်ထားသော မော်တော်ယာဉ်များသည် မှတ်ပုံတင်ထားခြင်းမရှိလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီး သက်တမ်း ကုန်ဆုံးနေလျှင်သော်လည်းကောင်း ပြည်သူတို့ဆိုင်ရာနေရာများတွင် မောင်းနှင်ခွင့်မရှိပါ။ |
| (ခ) |
သက်တမ်းရှိမှတ်ပုံတင်သက်သေခံလက်မှတ်(အ၀ိုင်း)ကို ယာဉ်၏ရှေ့တွင်မြင်သာ ထင်ရှားသောနေရာ၌ တပ်ဆင်ထားရမည်။ |
| (ဂ) |
မော်တော်ယာဉ်ကို အခါခပ်သိမ်းထိရောက်စွာ ထိန်းသိမ်းသွားလာနိုင်ရန် ပြုပြင်ထားရှိရန် ပိုင်ရှင်တွင်တာဝန်ရှိသည်။ |
| (ဃ) |
မှတ်ပုံတင်သက်တမ်းလဲရန် (၅)နှစ်ကျော်ပျက်ကွက်လျှင် ယာဉ်၏မှတ်ပုံတင်ကို ဖျက်သိမ်းမည်ကို သတိပြုရမည်။ |
| (င) |
သူတပါးထိခိုက်မှု အာမခံထားရှိခြင်းမရှိသေးသောယာဉ်ကို ပြည်သူတို့ဆိုင်ရာနေရာများတွင် အသုံးပြုခွင့်မရှိပါ။ |
| (စ) |
မော်တော်ယာဉ်တိုင်းတွင် သတိပေးရန် ဟွန်းတပ်ဆင်ထားရှိရမည်။ ၎င်းဟွန်းသံသည် တစ်သံတည်းဖြစ်ရမည်။ |
| (ဆ) |
ပတ်ဝန်ကျင်းလေထုကို ညစ်ထေးစေသည့် မီးခိုးအလွန်အကျွံထွက်သော မော်တော်ယာဉ်အား မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်အဖွဲ့က ငြင်းဆိုနိုင် သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင်သည်။ |
| (ဇ) |
ပတ်ဝန်းကျင်မြေထုလမ်းများ ညစ်ထေးစေသည့် စက်သုံးဆီများယိုစိမ့်မှုကို ပြုပြင်ထိန်းသိမ်းထားခြင်းမရှိလျှင်မှတ်ပုံတင်အဖွဲ့သည် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုနိုင်သည် (သို့မဟုတ်) ခေတ္တရပ်စဲနိုင်သည်။ |
| (စ်) |
ယာဉ်ကိုရောင်းချပြီးဖြစ်ပါက အမည်ပြောင်းဆောင်ရွက်ခြင်း၊ ယာဉ်လက်ဝယ်ရှိသော်လည်း သက်တမ်းတိုးရန် အခြေအနေမရှိပါက သက်ဆိုင်ရာ ရုံးနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖျက်သိမ်းရန် အခြေအနေမျိုးဖြစ်ပါက မှတ်ပုံတင်ဖျက်သိမ်းရန် ဆောင်ရွက်ခြင်းများကို မပျက်မကွက်ဆောင် ရွက်ရန်လိုအပ်ပါသည်။ |
သံတမန်၊ သံတမန်အခွင့်အရေးမရသည့် ပုဂ္ဂိုလ်ပိုင် မူသေနံပါတ် အမျိုးအစားများ
|
|
သံရုံးအမည်
|
သံတမန်
|
သံတမန်အခွင့်အရေးမရ
|
|
မြန်မာ
|
|
မြန်မာ
|
အင်္ဂလိပ်
|
|
၁။
|
|
သံ-၁/၁
|
CD-1/1
|
၁/၁၀၀၁
|
1/1001
|
|
၂။
|
|
သံ-၂/၁
|
CD-2/1
|
-
|
-
|
|
၃။
|
|
သံ-၃/၁
|
CD-3/1
|
၃/၁၀၀၁
|
3/1001
|
|
၎။
|
|
သံ-၄/၁
|
CD-4/1
|
၎/၁၀၀၁
|
4/1001
|
|
၅။
|
|
သံ-၅/၁
|
CD-5/1
|
၅/၁၀၀၁
|
5/1001
|
|
၆။
|
|
သံ-၆/၁
|
CD-6/1
|
၆/၁၀၀၁
|
-
|
|
၇။
|
|
သံ-၇/၁
|
CD-7/1
|
၇/၁၀၀၁
|
7/1001
|
|
၈။
|
|
သံ-၈/၁
|
CD-8/1
|
၈/၁၀၀၁
|
8/1001
|
|
၉။
|
|
သံ-၉/၁
|
CD-9/1
|
၉/၁၀၀၁
|
9/1001
|
|
၁၀။
|
|
သံ-၁၀/၁
|
CD-10/1
|
၁၀/၁၀၀၁
|
-
|
|
၁၁။
|
ဆာဘီးယားနှင့်မွန်တီနီဂရိုး
Serbia and Montenegro
|
သံ-၁၁/၁
|
CD-11/1
|
၁၁/၁၀၀၁
|
-
|
|
၁၂။
|
|
သံ-၁၂/၁
|
CD-12/1
|
၁၂/၁၀၀၁
|
-
|
|
၁၃။
|
|
သံ-၁၄/၁
|
CD-14/1
|
၁၄/၁၀၀၁
|
14/1001
|
|
၁၄။
|
|
သံ-၁၅/၁
|
CD-15/1
|
၁၅/၁၀၀၁
|
-
|
|
၁၅။
|
|
သံ-၁၆/၁
|
CD-16/1
|
၁၆/၁၀၀၁
|
16/1001
|
|
၁၆။
|
|
သံ-၁၇/၁
|
CD-17/1
|
၁၇/၁၀၀၁
|
-
|
|
၁၇။
|
|
သံ-၁၈/၁
|
CD-18/1
|
၁၈/၁၀၀၁
|
-
|
|
၁၈။
|
|
သံ-၁၉/၁
|
CD-19/1
|
၁၉/၁၀၀၁
|
19/1001
|
|
၁၉။
|
|
သံ-၂၀/၁
|
CD-20/1
|
၂၀/၁၀၀၁
|
-
|
|
၂၀။
|
|
သံ-၂၂/၁
|
CD-22/1
|
၂၂/၁၀၀၁
|
-
|
|
၂၁။
|
|
သံ-၂၃/၁
|
CD-23/1
|
၂၃/၁၀၀၁
|
23/1001
|
|
၂၂။
|
|
သံ-၂၄/၁
|
CD-24/1
|
၂၄/၁၀၀၁
|
24/1001
|
|
၂၃။
|
|
သံ-၂၅/၁
|
CD-25/1
|
၂၅/၁၀၀၁
|
-
|
|
၂၄။
|
|
သံ-၂၆/၁
|
CD-26/1
|
၂၆/၁၀၀၁
|
-
|
|
၂၅။
|
တောင်ကိုရီးယား
South Korea
|
သံ-၂၇/၁
|
CD-27/1
|
၂၇/၁၀၀၁
|
27/1001
|
|
၂၆။
|
|
သံ-၂၈/၁
|
CD-28/1
|
၂၈/၁၀၀၁
|
-
|
|
၂၇။
|
|
သံ-၂၉/၁
|
CD-29/1
|
၂၉/၁၀၀၁
|
-
|
|
၂၈။
|
ဆော်ဒီအာရေဗျ
Saudi Arabia
|
သံ-၃၀/၁
|
CD-30/1
|
၃၀/၁၀၀၁
|
-
|
|
၂၉။
|
ဥရောပကော်မရှင် ကိုယ်စားလှယ်ရုံး
Representative Office of European Commission
|
သံ-၃၁/၁
|
CD-31/1
|
၃၁/၁၀၀၁
|
-
|
|
၃၀။
|
မြောက်ကိုရီးယား
North korea
|
သံ-၃၂/၁
|
CD-32/1
|
၃၂/၁၀၀၁
|
-
|
ကုလသမဂ္ဂအဖွဲ့အစည်းပိုင် မူသေနံပါတ် အမျိုးအစားများ
|
စဉ်
|
အတိုကောက်
|
ကုလသမဂ္ဂအဖွဲ့အစည်းများ
|
ယာဉ်အမှတ်
|
|
မြန်မာ
|
အင်္ဂလိပ်
|
|
၁။
|
UN
|
United Nations
|
ဖွဲ့-၁/၁
|
UN-1/1
|
|
၂။
|
UNDP
|
United Nations Development Programme
|
ဖွဲ့-၂/၁
|
UN-2/1
|
|
၃။
|
UNICEF
|
United Nations Children's Fund
|
ဖွဲ့-၃/၁
|
UN-3/1
|
|
၎။
|
FAO
|
Food Hgriculture Organization
|
ဖွဲ့-၄/၁
|
UN-4/1
|
|
၅။
|
WHO
|
World Health Organization
|
ဖွဲ့-၅/၁
|
UN-5/1
|
|
၆။
|
UNODC
|
United Nations Office on Drugs and Crime
|
ဖွဲ့-၆/၁
|
UN-6/1
|
|
၇။
|
UNHCR
|
United Nations High Commissioner for Refugees
|
ဖွဲ့-၇/၁
|
UN-7/1
|
|
၈။
|
WFP
|
World Food Programme
|
ဖွဲ့-၈/၁
|
UN-8/1
|
|
၉။
|
UNFPA
|
United Nations Population Fund
|
ဖွဲ့-၉/၁
|
UN-9/1
|
|
၁၀။
|
UNIC
|
United Nations Information Centre
|
ဖွဲ့-၁၀/၁
|
UN-10/1
|
|
၁၁။
|
UNAIDS
|
United Nations Acquired Immune Deficiency Syndrome
|
ဖွဲ့-၁၁/၁
|
UN-11/1
|
|
၁၂။
|
ILO
|
Internation Labour Office
|
ဖွဲ့-၁၂/၁
|
UN-12/1
|
|
၁၃။
|
IOM
|
Internationl Organization for Migration
|
ဖွဲ့-၁၄/၁
|
UN-14/1
|
|
၁၄။
|
UNOPS
|
United National Office for Project Service
|
ဖွဲ့-၁၅/၁
|
UN-15/1
|
လက်ရှိအသုံးပြုလျက်ရှိသောနံပါတ်ပြားများ
|
|
ယာဉ်အမျိုးအစား
|
အသုံးပြုမှုအခြေအနေ
|
အောက်ခံဆေးရောင်
|
|
နံပါတ်ပြားအရွယ်အစား (လ x န)
|
စာလုံးအရွယ်အစား
|
|
၁။
|
မော်တော်ယာဉ်
|
ကိုယ်ပိုင်ယာဉ်
|
အနက်ရောင်
|
အဖြူရောင်
|
၁၄.၂၅ လက်မx ၆.၅ လက်မ
|
စာလုံးအချင်း -၈.၃၇၅ လက်မ
စာလုံးအမြင့် -၂ .၂၅ လက်မ
စာလုံးအထူ -.၂၅ လက်မ
မျဉ်းစောင်းအမြင့် -၃ လက်မ
|
|
အဌားယာဉ်
|
အနီရောင်
|
အဖြူရောင်
|
|
ခရီးသွားလုပ်ငန်းယာဉ်
|
အပြာနုရောင်
|
အဖြူရောင်
|
|
သာသနာပိုင်ယာဉ်
|
အ၀ါရောင်
|
အနက်ရောင်
|
|
သံတမန်/ကုလသမဂ္ဂနှင့် ယင်းအဖွဲ့အစည်းပိုင်ယာဉ်
|
အဖြူရောင်
|
အနက်ရောင်
|
|
၂။
|
မော်တော်ဆိုင်ကယ်
|
-
|
အနက်ရောင်
|
အဖြူရောင်
|
၈.၇၅ လက်မ x ၅.၅ လက်မ
|
-
|
ယာဉ်မောင်းသင်တန်းကျောင်းများဖွင့်လှစ်ခြင်း
၂။ ယာဉ်မောင်းသင်တန်းကျောင်းဖွင့်လှစ်လိုသူများသည် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် မှတ်ပုံတင်ရမည်။ ရုံးချုပ်မှ ခွင့်ပြုမိန့်ချမှတ်သည်။
မှတ်ပုံတင် သက်တမ်းမှာ နှစ်စဉ်ဇန်န၀ါရီလမှ ဒီဇင်ဘာလ ၃၁ရက်ထိဖြစ်ပါသည်။ မှတ်ပုံတင်ကြေးမှာ ၁၀၀၀၀ိ/-ကျပ်ဖြစ်သည်။
၃။ ရွှေမြင်သာယာဉ်မောင်း သင်တန်းကျောင်း (ရွာသာကြီး) ကို ၇.၂.၂၀၀၃မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရွှေမြင်သာယာဉ်မောင်း သင်တန်းကျောင်းကို လစဉ် လဆန်း ၃ ရက်နေ့တွင်
တစ်လတစ်ကြိမ် သင်တန်းများ ဖွင့်လှစ်သင်ကြားပါသည်။
ဆောင်ပုဒ်များ
(က) သင့်ယာဉ်နှစ်စဉ် မှတ်ပုံတင်သက်တမ်း အချိန်မီတိုးရန် လိုသည်။
( ခ) သင့်ပိုင်ယာဉ် သင့်အမည်နှင့် ရှိရန်လိုသည်။
( ဂ) အရွယ်ရောက်သူတိုင်း ယာဉ်မောင်းတတ်ရမည်။ |