လှုပ်ရှားမှုများ
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန

ဆောင်းပါးများ

အလုပ်ကိုပေးခြင်းဖြင့် ချစ်ရာရောက်ကြပါစေ



မိဘများ သားသမီးများကို အမှန်တကယ်ချစ်ရင်ဖြင့် အထုတ်ကိုပေးခြင်းထက် အလုပ်ကိုပေးခြင်းဖြင့် ချစ်ရာရောက်ကြပါစေဖို့


  • ယနေ့ခေတ်မှာ ပညာခေတ်ဖြစ်လာပြီး မိဘများက သားသမီးများကို ဥစ္စာအမွေပေးခဲ့သော်ုငားလည်း ကုဋေ ၈၀ သူဌေးသားဇာတ်ထုတ်လို အနာဂတ်မသေချာရှိတတ်ပါတယ်။ ခေတ်မီသူတိုင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်နေကြရာ အိုင်တီနည်းပညာနည်းတူ သယ်ယူ ပို့ဆောင်ရေးကဏ္ဌဟာလည်း အရေးကြီးတဲ့ ပညာရပ်တစ်ခုအဖြစ်ရပ်တည်လာပါတယ်။
  • ထို့အတူ အာဆီယံ (၁၀) နိုင်ငံရဲ့ ပေါင်းစည်းညီညွတ်မှုအားမှာလည်း အရှိန်အဟုန်မြင့်တိုးတက်လာရာ ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံအချင်းချင်း (Free Flow of Skill  Laboru)ကျွမ်းကျင်လုပ်သားများလွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်ခြင်းကဏ္ဍ    ပါဝင်လာတော့မည်ဖြစ်ရာ ပို့ဆောင်ရေးလုပ်ငန်း၌လုပ်သားပေါင်းမြောက်မြားစွာ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာတော့ မည်ဖြစ်ပါသည်။
  • ထိုအခါမြန်မာနိုင်ငံရှိ လူငယ်အများစုမှ အိုင်တီးနည်းပညာနယ်ပယ်၌လည်းကျောင်း၊ ပို့ဆောင်ရေးလုပ်ငန်းများ၌လည်းကောင်း အလုပ် အကိုင်အခွင့်အလန်းများပေါ်ပေါက်လာတော့မည်ဖြစ်ရာအတတ်ပညာများပြည့်စုံနေရေးသင်ကြားလေ့ကျင့်ပေးရမည့်တာဝန်များ မိဘများ၏ အဓိက တာဝန်ဖြစ်လာပါတော့သည်။ပို့ဆောင်ရေးလုပ်ငန်း၏ ကုန်းလမ်းပို့ဆောင်ရေးတွင် ယာဉ်မောင်းသူများမှာ အရေးပါလာမည်ဖြစ် ပြီးကျွမ်းကျင် ယာဉ်မောင်းဝန်ထမ်းများသည် ပို့ဆောင်ရေးလုပ်ငန်းများ၏ အရေးကြီးဝန်ထမ်းများဖြစ်လာမည်ဖြစ်ရာ စိတ်ချရသော ယာဉ်မောင်း၊ ကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာသော နိုင်ငံကြီးသားပီသသည့် ယာဉ်မောင်း များမှာ မြန်မာနိုင်ငံတွင်သာမက အာဆီယံနို င်ငံများအတွင်း၌ပါ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာကြမည်ဖြစ်ပါသည်။
  • ထိုလိုအပ်ချက်များကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှလည်း တစ်ထောင့်တစ်နေရာမှဖြည့်ဆည်းပေးနေပါတယ်။ စည်းကမ်း စနစ်ကောင်းမွန်ပြီး အတတ်ပညာများကို စိတ်စေတနာအပြည့်အ၀နဲ့ တတ်မြောက်အောင်သင်ကြားပေးမည့် ၀ါရင့်ကျွမ်းကျင် ဆရာများ လည်း ပြည့်စုံစွာရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ သရုပ်ပြပစ္စည်းများ၊ ခေတ်မီယာဉ်များတွင် တပ်ဆင်ထားသော E.F.I အင်ဂျင်၊ ပါဝါ စတီယာရင်နှင့်အော်တိုဂီယာများအကြောင်းလည်း ဂဃဏန သိအောင်သင်ကြားပေးမဲ့နေရာတစ်နေရာတလည်းဖြစ်ပါတယ်။
  • “ခ” လိုင်စင်ရရှိရေးကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ စာတွေ့လက်တွေ့ လာရောက်စစ်ဆေးပြီး သင်လိုင်စင် ၃လပြည့်ချိန်၌  “ခ” လိုင်စင်လက်ဝယ်ရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိရာပြည်တွင်း၌လည်း ကျွမ်းကျင် လုပ်သားမျးအဖြစ်လုပ်ကိုင်နိုင်သောအခွင့်အရေးကောင်းတစ်ရပ်ဖြစ်လို့ မိဘများအနေနဲ့ ကိုယ့်သားသမီးများ ဘ၀နောင်ရေး စိတ်အေး ရအောင်အတတ်ပညာတစ်ခုပေးနိုင်တဲ့အခွင့်အလမ်းကောင်းကိုလက်မလွှတ်မိစေဖို့အထုတ်ကိုပေးခြင်းထက်အလုပ်ကိုပေးခြင်းကသာ နောင်ရေး ခိုင်မာစိတ်အေးရမှာဖြစ်ပါကြောင်း စေတနာကောင်းနဲ့ကြေကြမောင်းခတ်လိုက်ပါတယ်။

ဆက်သွယ်နိုင်တဲ့လိပ်စာများကတော့-

သင်တန်းမှူး
ပြင်ပယာဉ်မောင်း/ယာဉ်ပြင်သင်တန်း
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ကျောက်ပန်းတောင်းလမ်း
မိတ္ထီလာမြို့


ဖုန်း-၀၆၄-၂၃၅၄၅ (လိုင်းခွဲ ၁၁၃)/ ၀၉-၄၉၂၉၃၇၃၇

 

 

ချိုဌေး (ကထိက)


23-2-2013