|
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ မိတ္ထီလာမြို့
|
|
ပြင်ပယာဉ်မောင်း / ယာဉ်ပြင်သင်တန်း
 
ပြင်ပယာဉ်မောင်းသင်တန်း
| ၁။ |
ပြင်ပယာဉ်မောင်းသင်တန်းကို ၁၉၉၃ ခုနှစ်မှ စတင်ဖွဲ့လှစ်ခဲ့ပြီး သင်တန်းကာလ (၁)လဖြင့် ယာဉ်ကြီးများ (ဒေါင်ဖန်း၊ ကေအမ်ယာဉ်) မောင်းနှင် နိုင်သည်အထိ သင်ကြားပေးလျက်ရှိပါသည်။ |
| ၂။ |
ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ကို သင်တန်းဆင်းပြီး ၃-လအတွင်း ရရှိအောင် ဆောင်ရွက်ပေးပါသည်။ |
| ၃။ |
အသက်အရွယ်မရွေး၊ ကျား မ မရွေး တက်ရောက်ခွင့်ရှိပါသည်။ |
| ၄။ |
သင်တန်းကြေးမှာ တစ်ဦးလျှင် ကျပ် ၃၅၀၀၀ိ/- နှင့် အိပ်ဆောင်ကြေးမှာ ကျပ် ၅၀၀ိ/- နှုန်းဖြင့် အထူးဈေးနှုန်းချိုသာစွာ စီစဉ်ပေးလျက်ရှိပါသည်။ |
| ၅။ |
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလအထိ သင်တန်း (၁၃၂)ကြိမ်၊ သင်တန်းသား (၈၆၁၁)ဦး သင်တန်းဆင်းခဲ့ပြီး ကိုယ်ပိုင်လိုင်စင်များ ထုတ်ပေးခဲ့ပါသည်။ |
| ၆။ |
(၁) နှစ်လျှင် (၁၀) ကြိမ် ဖွင့်လှစ်ပြီး ၊ သင်တန်းဖွင့်မည့်ရက်များကို သတင်းစာ ၊ မဂ္ဂဇင်းတို့မှ လစဉ် ဖော်ပြပေးလျက်ရှိပါသည်။ |
 
ပြင်ပယာဉ်ပြင်သင်တန်း
| ၁။ |
ပြင်ပယာဉ်ပြင်သင်တန်းကို စာတွေ့၊ လက်တွေ့ သင်တန်းကာလ (၂)လဖြင့် သင်ကြားပေးလျက်ရှိပါသည်။ |
| ၂။ |
(၁)နှစ်လျှင် (၄)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပါသည်။ |
| ၃။ |
၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလအထိ သင်တန်း (၆၀)ကြိမ်၊ သင်တန်းသား (၁၃၀၂) ဦး သင်တန်းဆင်းခဲ့ပြီး ဖြစ်ပါသည်။ |
| ၄။ |
သင်တန်းကြေးမှာ တစ်ဦးလျင် ကျပ် ၁၅၀၀၀ိ/- နှင့် အိပ်ဆောင်ကြေးမှာ ကျပ် ၁၅၀၀ိ/- နှုန်းဖြင့် စီစဉ်ပေးလျက်ရှိပါသည်။ |
|