|
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
|
|

၁။ မြန်မာနိုင်ငံအတွင်းသို့ မော်တော်ယာဉ်များ ရောက်ရှိလာသည်နှင့်အညီ မော်တော် ယာဉ်နှင့် ယာဉ်သွားလာမှုဆိုင်ရာများအား ကြီးကြပ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ရန် လိုအပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၆၃ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် "ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးအာဏာပိုင်အဖွဲ့" ကို ဖွဲ့စည်းခဲ့သည်။
၂။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနကို "ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန"ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း အာဏာပိုင် အဖွဲ့သည်လည်း "ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန"အမည်သို. ပြောင်းလဲလာခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်လာခဲ့ပါသည်။ ၁၉၉၂ခုနှစ်၊ ဇန်န၀ါရီလတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊စာတိုက်နှင့်ကြးနန်းဝန်ကြီးဌာနဟူ၍ ၀န်ကြီးဌာန(၃)ခုခွဲ၍ ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် ပါဝင်လာခဲ့သည်။
၃။ ဤဦးစီးဌာန၏ ဖွဲ့စည်းပုံမှာ အရာထမ်း (၂၈၀)ဦး၊ အမှုထမ်း (၂၇၁၀)ဦး၊ စုစုပေါင်း (၂၉၉၀)ဦးဖြစ်ပြီး၊ လက်ရှိအရာထမ်း (၁၅၂)ဦး၊ အမှုထမ်း (၁၃၅၃)ဦး စုစုပေါင်း (၁၅၀၅)ဦးဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးချုပ်/နေပြည်တော်/ပြည်နယ်/တိုင်းဒေသကြီး/တိုင်းဒေသကြီးရုံးခွဲ/
တွဲဘက်ပြည်နယ်ရုံး/ပြည်နယ်ရုံးခွဲ/ ခရိုင်ရုံးများစာရင်း(၂၀၁၂ ခုနှစ်)
|
|
ရုံးအမျိုးအစား
|
အရေအတွက်
|
|
၁။
|
ရုံးချုပ်
|
၁
|
|
၂။
|
နေပြည်တော်ရုံး
|
၁
|
| ၃။ |
ပြည်နယ်/တိုင်းဒေသကြီးရုံး |
၁၄ |
|
၎။
|
တိုင်းဒေသကြီးရုံးခွဲ
|
၁
|
|
၅။
|
တွဲဘက်ပြည်နယ်ရုံး
|
၂
|
| ၆။ |
ပြည်နယ်ရုံးခွဲ |
၁ |
| ၇။ |
ခရိုင်ရုံး |
၃၅ |
|
စုစုပေါင်း
|
၅၅
|
|
|