|
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
|
|

ရည်မှန်းချက်
၁။ ဤဦးစီးဌာန၏ အဓိက ရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဖြစ်သည်။
လုပ်ငန်းတာဝန်များ
၂။ ဤဦးစီးဌာန၏ လုပ်ငန်းတာဝန်(၄)ရပ်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
| (က) |
အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် ယာဉ်များကိုစစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန်။ |
| (ခ ) |
မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်။ |
| (ဂ ) |
လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ထုတ်ပြန်ရန်။ |
| (ဃ) |
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ယာဉ်နှင့်ပတ်သက်သော အခွန်ငွေများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကောက်ခံရန်။ |
|