|
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
|
|

ပြဌာန်းခဲ့သည့်ဥပဒေနှင့် နည်းဥပဒေများ
၁။ ၁၉၁၄ ခုနှစ်မှ ၁၉၉၅ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး၊ လုပ်နည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ၁၉၁၄ခုနှစ်တွင် အင်္ဂလိပ် အစိုးရမှ အိန္ဒိယမော်တော်ယာဉ် အက်ဥပဒေ အမှတ်(၈)ဖြင့်ထုတ်ပြန်ခဲ့၍ မြန်မာနိုင်ငံတွင်စတင်အာဏာသက်ရောက်ခဲ့ပါသည်။
(ခ) ၁၉၁၅ခုနှစ်တွင် မြန်မာနိုင်ငံ မော်တော်ယာဉ်နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။
| ( ဂ) |
၁၉၃၅ခုနှစ်တွင် မြန်မာနိုင်ငံ အငှားမော်တော်ယာဉ်နည်းဥပဒေကို ပြဌာန်းခဲ့ပါသည်။ |
| (ဃ) |
၁၉၆၃ခုနှစ်တွင် ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေထုတ်ပြန်ခဲ့ပါသည်။ |
| ( င) |
၁၉၆၄ခုနှစ်တွင်တည်ဆဲ၊ ၁၉၆၄ခုနှစ် မော်တော်ယာဉ်ဥပဒေကို တော်လှန်ရေးကောင်စီ ဥပဒေအမှတ်(၁၇)အဖြစ် ထုတ်ပြန်ခဲ့ပါသည်။ |
| ( စ) |
၁၉၈၉ခုနှစ် ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၁/၈၉)ဖြင့် တည်ဆဲ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေကိုထုတ်ပြန်ခဲ့ပါသည်။ |
| (ဆ) |
၁၉၉၄ခုနှစ်၊ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများနှင့် ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပါသည်။ |
လက်ျာကပ်မောင်းစနစ်ကျင့်သုံးခြင်း
 
၂။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင်ယာဉ်သွားလာမှုနှင့်ပတ်သက်၍အရေးပါသော ပြုပြင်ပြောင်းလဲမှုတစ်ရပ်မှာ"လက်ျာကပ်မောင်းစနစ်" ကိုစတင်ကျင့်သုံးခြင်းပင်ဖြစ်သည်။ ထိုစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ၁၉၆၉ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးမှ မော်တော်ယာဉ်များ လက်ျာကပ်မောင်းစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်နိုင်ငံလုံးတွင်အသေးစိတ်အစီအစဉ်များ ပြုလုပ်နိုင်ရန်အတွက်"မော်တော်ယာဉ်များ၊လက်ျာကပ်မောင်းရန် ညှိနှိုင်းစီစဉ်ရေးဗဟိုကော်မတီ"ကို ဖွဲ့စည်းပေးအပ်ခဲ့ပြီး လက်ျာကပ်မောင်းစနစ်ကို ၁၉၇၀ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်၊ တနင်္ဂနွေနေ့ နံနက် ၆း၀၀နာရီမှစတင်၍ လက်ျာကပ်မောင်း စနစ်သို့ပြောင်းလဲကျင့်သုံးခဲ့ပါသည်။
|
စဉ်
|
အကြောင်းအရာ
|
၁၉၈၈ ခုနှစ်အထိ
|
၁၀/၁၂ အထိ
|
တိုးတက်မှု
|
|
၁။
|
မော်တော်ယာဉ် (စီးရေ)
|
|
(က) လူစီးယာဉ်
|
၆၂၆၄၆
|
၂၇၂၀၁၈
|
၂၀၉၃၇၂
|
|
(ခ) ကုန်တင် (၀န်ပေါ့)
|
၉၀၅၄
|
၂၉၁၇၈
|
၂၀၁၂၄
|
|
(ဂ ) ကုန်တင် (၀န်လေး)
|
၂၉၉၉၂
|
၄၀၃၀၇
|
၁၀၃၁၅
|
|
(ဃ) ခရီးသည်တင်ယာဉ်
|
၉၁၄၅
|
၁၉၄၅၅
|
၁၀၃၁၀
|
|
(င ) အခြား
|
၂၉၄၆
|
၁၇၁၃၆
|
၁၄၁၉၀
|
|
|
၁၁၃၇၈၃
|
၃၇၈၀၉၄
|
၂၆၄၃၁၁
|
|
၂။
|
မော်တော်ဆိုင်ကယ်
|
၃၀၀၈၅
|
၃၁၀၇၁၉၃
|
၃၀၇၇၁၀၈
|
|
၃။
|
သုံးဘီးတပ်
|
၂၂၂၉
|
၃၄၂၅၀
|
၃၂၀၂၁
|
|
၎။
|
ထရော်လာဂျီ
|
၄၅၂
|
၃၅၆၁၄
|
၃၅၁၆၂
|
| (၂+၃+၄)စုစုပေါင်း |
၃၂၇၆၆ |
၃၁၇၇၀၅၇ |
၃၁၄၄၂၉၁ |
|
၅။
|
စက်ယန္တရား |
- |
၆၈၉ |
၆၈၉ |
| (၁+၅)စုစုပေါင်း |
၁၄၆၅၄၉ |
၃၅၅၅၈၄၀ |
၃၄၀၉၂၉၁ |
|
၆။
|
ယာဉ်မောင်းလိုင်စင် (စောင်ရေ)
|
|
က မှ ဌ လိုင်စင်အထိ
|
၅၂၉၆၉
|
၂၆၇၀၆၁၂
|
၂၆၁၇၆၄၃
|
 
|